China
ဒူဘိုင်းမောင်းသူမဲ့ကားညီလာခံ၌ နောက်ဆုံးပေါ် စက်ရုပ်တက္ကစီကို တရုတ်နိုင်ငံ၏ Pony.ai ပြသ

ဒူဘိုင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
၂၀၃၀ ပြည့်နှစ်တွင် မြို့ပြခရီးများ၏ လေးပုံတစ်ပုံကို မောင်းသူမဲ့အဖြစ်ပြုလုပ်ရေး ဒူဘိုင်း၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သော မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဒူဘိုင်းကမ္ဘာ့ညီလာခံတွင် တရုတ်မောင်းသူမဲ့ကားကုမ္ပဏီ Pony.ai က ၎င်း၏ နောက်ဆုံးပေါ်စက်ရုပ်တက္ကစီနှင့် အလိုအလျောက် မောင်းနှင်မှုနည်းပညာများကို ယခုသီတင်းပတ်၌ ပြသခဲ့သည်။
စက်တင်ဘာ ၂၃ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာ၌ “ရွေ့လျားနိုင်စွမ်းအား ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုခြင်း- အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းဆီသို့ လမ်းခင်းခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ထိုညီလာခံက မူဝါဒချမှတ်သူများ၊ စက်မှုလုပ်ငန်း အမှုဆောင်များနှင့် ဆန်းသစ်တီထွင်သူများကို စုဝေးစေခဲ့သည်။
ကုမ္ပဏီ၏ ပြည့်စုံကုံလုံစွာရှိသော မောင်းသူမဲ့နည်းပညာများနှင့် ၎င်း၏ ဒူဘိုင်းတွင် စီးပွားဖြစ်ဖြန့်ကြက်အသုံးပြုရန် စီစဉ်ထားမှုတို့ကို ကိုယ်စားလှယ်များက အလွန်စိတ်ဝင်စားခဲ့ကြရာ အဆိုပါညီလာခံ၌ ၎င်းကုမ္ပဏီ၏ ပြခန်းက ကျယ်ပြန့်သော အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
ဒေသတွင်းစမ်းသပ်မောင်းနှင်ခွင့်ရရှိထားသည့် Pony.ai က သတ်မှတ်ထားသောနေရာများ၌ စမ်းသပ်မောင်းနှင်မှုများ စတင်လုပ်ဆောင်လျက်ရှိပြီး ဒူဘိုင်း၏ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၆ ခုနှစ်တွင် စီးပွားဖြစ်မောင်းသူမဲ့ဝန်ဆောင်မှုများကို စတင်ရန် ရည်ရွယ်ထားသည်။
“ဒူဘိုင်းရဲ့ အားရဖွယ်ရာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ ပံ့ပိုးပေးတဲ့ မူဝါဒတွေနဲ့ ပေါ်ထွန်းလာတဲ့ နည်းပညာတွေကို အများပြည်သူလက်ခံမှုတွေက အလိုအလျောက်မောင်းနှင်မှုကို များများစားစားလက်ခံအသုံးပြုရေး အရှိန်မြှင့်ဖို့အတွက် ကျွန်တော်တို့ကို ယုံကြည်မှုပေးပါတယ်” ဟု Pony.ai ကုမ္ပဏီပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ James Peng က ပြောကြားခဲ့သည်။
Pony.ai ကုမ္ပဏီသည် ယခုနှစ်အစောပိုင်းတွင် ဒူဘိုင်း၏ လမ်းနှင့် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့နှင့် လက်တွဲ၍ အဆင့် ၄ အလိုအလျောက် မောင်းနှင်မှုနည်းပညာကို မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်သို့ ထိရောက်စွာ မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
China’s Pony.ai showcases latest robotaxi at Dubai self-driving congress
DUBAI, Sept. 25 (Xinhua) — Chinese self-driving company Pony.ai showcased its latest robotaxi and autonomous driving technologies this week at the Dubai World Congress for Self-Driving Transport, part of the emirate’s plan to make a quarter of urban trips driverless by 2030.
The congress, held from Wednesday to Thursday at the Dubai World Trade Center under the theme “Redefining Mobility: The Path to Autonomy”, brought together policymakers, industry executives, and innovators.
The company’s interactive booth attracted wide attention as delegates expressed strong interest in the company’s full-stack self-driving technologies and its planned commercial deployment in Dubai.
Pony.ai, which holds a local testing permit, has begun pilot operations in designated areas and aims to launch commercial driverless services in 2026 as part of Dubai’s public transport system.
“Dubai’s robust transport infrastructure, supportive policies, and public acceptance of emerging technologies give us confidence in accelerating large-scale adoption of autonomous driving,” co-founder and CEO James Peng said.
Earlier this year, the company partnered with Dubai’s Roads and Transport Authority to advance Level 4 autonomous driving technology into the city’s transportation system to improve efficiency. ■
English Caption
Wang Wei checks the sensor of an autonomous vehicle at the operation center of Pony.ai in Yizhuang in Beijing, capital of China, June 19, 2024. (Xinhua/Ju Huanzong)