Connect with us

China

တရုတ်နိုင်ငံ ဟိုင်နန်၌ ကမ္ဘာ့ပထမဆုံး ဗို့အား ၂,၀၀၀ PV အသိအမှတ်ပြု အခြေစိုက်စခန်းဖွင့်လှစ်

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ဘိုးအောက်ရှိ၊ ဘိုးအောက်ကာဗွန်ကင်းစင် သရုပ်ပြဇုန်မှ အာရှ အတွက် ဘိုးအောက်သတင်းဌာနစင်တာ (BFA) နှင့် တိုးချဲ့အဆောက်အအုံများ၏ ခေါင်မိုးများပေါ်မှ နေရောင်ခြည်စွမ်းအင်သုံးကိရိယာများအား ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟိုင်ခို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်းမှ ပြည်နယ်တစ်ခုဖြစ်သော ဟိုင်နန်ကျွန်းရှိ ဝန်ချန်းမြို့၌ ကမ္ဘာ့ပထမဆုံး ဗို့အား ၂,၀၀၀ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားစနစ် (PV) အသိအမှတ်ပြုအခြေစိုက်စက်ရုံကို ဖွင့်လှစ်ခဲ့ကြောင်း၊ ဗို့အားမြင့် PV နည်းပညာအသုံးပြုမှုတွင် သိသာထင်ရှားသော အထောက်အထားပြနိုင်မှု တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Datang ဟိုင်နန်စွမ်းအင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်က တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်လျက်ရှိသော အဆိုပါစက်ရုံကို စက်တင်ဘာ ၂၃ ရက်က ပြည်နယ်မြို့တော် ဟိုင်ခိုမြို့၌ တရုတ် အရည်အသွေး အသိအမှတ်ပြုမှုစင်တာနှင့် ပူးတွဲပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင် စက်ရုံနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
စွမ်းဆောင်ရည်ကို စနစ်တကျအကဲဖြတ်နိုင်ပြီး အချက်အလက်များကို ဘက်ပေါင်းစုံမှ အပြည့်အဝ စုဆောင်းနိုင်သောပစ္စည်းများကိုတပ်ဆင်ထားသည့် အဆိုပါစက်ရုံသည် PV လုပ်ငန်းတွင် ဗို့အား ၂,၀၀၀ စနစ်များကဲ့သို့သော ဗို့အားမြင့်နည်းပညာများကို မြင့်တင်ရာ၌ တစ်စုတစ်စည်းတည်း မရှိသေးသော စံနှုန်းများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
အနာဂတ်ရည်မှန်းချက်အနေဖြင့်မူ မြေပြင်၌ တည်ဆောက်မည့် အကြီးစား လျှပ်စစ်ဓါတ်အားပေး စက်ရုံများ၏ ကေဘယ်ကြိုးကုန်ကျစရိတ်ကို လျှော့ချပေးမည်ဖြစ်သလို ဗို့အား ၂,၀၀၀ PV နည်း ပညာကလည်း သမားရိုးကျ ဗို့အား ၁,၅၀၀ စနစ်ဖြင့် နှိုင်းယှဥ်ပါက လျှပ်စစ် ဓါတ်အားအသုံးပြုမှုကုန်ကျစရိတ်နည်းပါးကြောင်း သိရသည်။ သို့ရာတွင် ရေရှည်တည်ငြိမ်စွာ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ပစ္စည်းကိရိယာများ၏ လိုက်ဖက်မှုနှင့် အစွန်းရောက်သော သဘာဝပတ်ဝန်းကျင်များနှင့် အံဝင်ခွင်ကျဖြစ်စေရေးအတွက် အာဏာပိုင်အဖွဲ့အစည်း၏ လက်တွေ့ ကျသော ထောက်ပံ့ပေးမှုလိုအပ်ကြောင်း သိရသည်။
Datang ဟိုင်နန်စွမ်းအင်ဖွံ့ဖြိုးမှုအထွေထွေမန်နေဂျာ Zhang Junbao က လက်တွေ့ကျသော PV သုတေသနက ဓါတ်ခွဲခန်းသီအိုရီနှင့် လက်တွေ့အသုံးပြုနေသည့် လျှပ်စစ်ဓါတ်အားပေးရုံများအကြား တန်ဖိုးကွာဟချက်ကို ပေါင်းကူးပေးခဲ့ကြောင်း အလေးထား ပြောကြားခဲ့သည်။
ကုမ္ပဏီအနေဖြင့်လည်း အပူချိန်မြင့်မားခြင်း၊ စိုထိုင်းဆမြင့်မားခြင်း၊ ဆားပွင့်မှုမြင့်မားသော ပတ်ဝန်းကျင်အနေအထားများတွင် ဘေးကင်း၍ စိတ်ချရသော ဗို့အား ၂,၀၀၀ PV စနစ် မြှင့်တင်ရန် ဟိုင်နန်ရှိ သန့်ရှင်းစွမ်းအင် အားသာချက်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
World’s first 2,000-volt PV certification base inaugurated in China’s Hainan
HAIKOU, Sept. 25 (Xinhua)
The world’s first 2,000-volt photovoltaic (PV) empirical certification base was inaugurated in the city of Wenchang in south China’s island province of Hainan, marking a significant breakthrough in high-voltage PV technology validation.

The base, which was constructed and is being operated by Datang Hainan Energy Development Co., Ltd., was unveiled during a related seminar co-hosted by the China Quality Certification Center in the provincial capital of Haikou on Tuesday.
Equipped with full-cycle data collection and systematic performance-evaluation capabilities, the facility aims to address the lack of unified standards for the promotion of high-voltage technologies like 2,000-volt systems in the PV industry.
As a future direction for large-scale ground power stations, 2,000-volt PV technology reduces cable usage and lowers electricity costs compared to traditional 1,500-volt systems. However, its long-term operational stability, device compatibility and adaptability to extreme environments require authoritative empirical support.
Zhang Junbao, general manager of Datang Hainan Energy Development, emphasized that empirical PV research bridges the gap between laboratory theory and practical power-station value. The company will leverage its clean energy advantages in Hainan to promote the safe, reliable application of 2,000-volt systems in high-temperature, high-humidity and high-salt-spray environments. ■
Photo:
An aerial drone photo taken on March 16, 2025 shows the photovoltaic devices on the roof of the Boao Forum for Asia (BFA) News Center and its annex buildings in the Boao zero-carbon demonstration zone in Boao, south China’s Hainan Province. (Xinhua/Pu Xiaoxu)