China
တရုတ်နိုင်ငံ၏ မြို့ပြအလုပ်အကိုင်ဖန်တီးပေးနိုင်မှု ရည်မှန်းချက်ကျော်လွန်

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) စတင်ချိန်မှစ၍ သြဂုတ်လတွင် မြို့ပြအလုပ်အကိုင်သစ် စုစုပေါင်း ၅၉.၂၁ သန်း ဖန်တီးပေးနိုင်ခဲ့ပြီး ရည်မှန်းချက်ဖြစ်သည့် ၅၅ သန်း ကျော်လွန်ခဲ့ကြောင်း တရုတ်နိုင်ငံလူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီး ဝမ်ရှောင်ဖိန်က စက်တင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အဆိုပါကာလအတွင်း အလုပ်အကိုင်ခန့်ထားမှုအခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိပြီး ဖွဲ့စည်းတည်ဆောက်ပုံ ဆက်တိုက်အဆင်ပြေပြီး အရည်အသွေး တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်ခဲ့ကြောင်း ဝမ်က သတင်းစာရှင်းလင်းပွဲတွင် မှတ်ချက်ပြုပြောကြားခဲ့သည်။
အလုပ်အကိုင်ထောက်ပံ့မှုအတွက် ၂၀၂၁ ခုနှစ်မှစ၍ ယွမ် ၄၇၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆.၀၆ ဘီလီယံခန့်) ခွဲဝေချထားပေးခဲ့ပြီး အလုပ်အကိုင်တည်ငြိမ်ရေးရန်ပုံငွေများအတွက် ယွမ် ၁၃၀ ဘီလီယံကျော် ထုတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China’s creation of urban jobs since 2021 exceeds target
BEIJING, Sept. 26 (Xinhua) — As of August, a total of 59.21 million new urban jobs had been created since the beginning of the 14th Five-Year Plan period (2021-2025), surpassing the target of 55 million, Wang Xiaoping, China’s minister of human resources and social security, said on Friday.
Wang noted at a press conference that China’s employment situation has remained generally stable during this period — with its structure continuously optimized and quality steadily improved.
Since 2021, over 470 billion yuan (about 66.06 billion U.S. dollars) has been allocated to employment subsidies, while more than 130 billion yuan has been issued in the form of employment stabilization refunds.
Photo :Students learn about employment information at a job fair held at Harbin Institute of Technology in Harbin, northeast China’s Heilongjiang Province, March 26, 2025. (Xinhua/Zhang Tao)