Connect with us

China

တရုတ်နိုင်ငံ၏ တပ်ဆင်စွမ်းအင်ထုတ်လုပ်နိုင်မှုပမာဏ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးဆန်းမြို့၌ ဒေသတွင်း လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေး တည်ငြိမ်စွာလည်ပတ်နိုင်မှုသေချာစေရန် State Grid Zhejiang Electric Power ကုမ္ပဏီမှ ပညာရှင်များက ဓာတ်အားလိုင်းများကို စစ်ဆေးနေခြင်းအား ၂၀၂၀ ခုနှစ်အောက်တိုဘာ ၂၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ တပ်ဆင်စွမ်းအင် ထုတ်လုပ်နိုင်မှုပမာဏမှာ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၂၅ ခုနှစ် သြဂုတ်လကုန်အထိ ကီလိုဝပ် ၃.၆၉ ဘီလီယံသို့ ရောက်ရှိခဲ့ကာ ယမန်နှစ် အလားတူကာလထက် ၁၈ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သော တရားဝင်အချက်အလက်များအရ သိရသည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏသည် ၂၀၂၅ ခုနှစ် သြဂုတ်လကုန် အထိ ကီလိုဝပ် ၁.၁၂ ဘီလီယံအထိရှိခဲ့ပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၈.၅ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ (NEA) ၏ ထုတ်ပြန်မှုအရ သိရသည်။
လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏအနေဖြင့် ၂၀၂၅ ခုနှစ် သြဂုတ်လကုန်အထိ ကီလိုဝပ် သန်း ၅၈၀ ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၂၂.၁ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ကြောင်း NEA ၏ အချက်အလက်များအရ သိရသည်။
၂၀၂၅ ခုနှစ် ပထမ ၈ လတာကာလအတွင်း တရုတ်နိုင်ငံ၏ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကုမ္ပဏီများက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများတွင် ယွမ် ၄၉၉.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၀.၁၆ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ရင်းနှီးမြှုပ်နှံမှု ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပထမ ၈ လတာကာလအတွင်း၌ပင် မဟာဓာတ်အားလိုင်းစီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ် ၃၇၉.၆ ဘီလီယံအထိရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း NEA က ဖော်ပြထားသော အချက်အလက်များအရ သိရသည်။ (Xinhua)
…………………….
(English Version)
China’s installed power generation capacity up 18 pct
BEIJING, Sept. 26 (Xinhua)
China’s cumulative installed power generation capacity reached 3.69 billion kilowatts by the end of August, marking a year-on-year increase of 18 percent, official data showed on Friday.
Solar power generation capacity amounted to 1.12 billion kilowatts by the end of last month, surging 48.5 percent compared to the same period last year, according to the National Energy Administration (NEA).
Wind power generation capacity stood at 580 million kilowatts by the end of August, rising 22.1 percent year on year, according to the NEA data.
In the first eight months of 2025, China’s major power generation companies invested 499.2 billion yuan (about 70.16 billion U.S. dollars) in power generation projects, up 0.5 percent year on year.
During the same period, investments in power grid projects reached 379.6 billion yuan, up 14 percent year on year, the NEA data showed. ■
Photo:
Aerial photo shows technicians of State Grid Zhejiang Electric Power Company checking power transmission lines to make sure the stable operation of local power supply in Zhoushan, east China’s Zhejiang Province, Oct. 23, 2020. (Xinhua/Xu Yu)