Connect with us

China

Fengyun-3 08 ဂြိုဟ်တုကို တရုတ်နိုင်ငံ လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Fengyun-3 08 ဂြိုဟ်တုအား တင်ဆင်ထားသည့် Long March-4C သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် ဩဂုတ် ၃ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ကျိုချွမ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Fengyun-3 08 ဂြိုဟ်တုအား အာကာသအတွင်းသို့ စက်တင်ဘာ ၂၇ ရက်က လွှတ်တင်ခဲ့သည်။
Long March-4C သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၃ နာရီ ၂၈ မိနစ်၌ လွှတ်တင်ခဲ့သည့် ယင်းဂြိုဟ်တုမှာ စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။
ကြည်လင်ပြတ်သားမှုအရည်အသွေးအလယ်အလတ်ရှိ ပုံရိပ်ဖမ်းစက်နှင့် မိုက်ခရိုဝေ့ဖ်ရုပ်ပုံဖမ်းစက် အပါအဝင် အဝေးထိန်း အာရုံခံပစ္စည်းကိရိယာ ၉ ခု တပ်ဆင်ထားသည့် ဂြိုဟ်တုသည် မိုးလေဝသ ခန့်မှန်းချက်၊ လေထု ဓာတုဗေဒနှင့် ရာသီဥတု ပြောင်းလဲမှုတို့တွင် စောင့်ကြည့်ခြင်းနှင့် သုတေသန လုပ်ငန်းများကို အဓိကပံ့ပိုးပေးမည် ဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေးအဖွဲ့ (CNSA) မှ သိရသည်။
အဆိုပါဂြိုဟ်တု၏ လုပ်ဆောင်ချက်များဖြင့် ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းနှင့်သက်ဆိုင်သည့် ရာသီဥတု ခန့်မှန်းမှု၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်မှု၊ မိုးလေဝသ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေးတို့တွင် တရုတ်နိုင်ငံ၏ စွမ်းဆောင်ရည်ကို အားကောင်းစေရန် ရည်ရွယ်ထားကြောင်း CNSA က ထုတ်ပြန်ခဲ့သည်။
အဆိုပါလွှတ်တင်မှုသည် Long March စီးရီး ဒုံးပျံများ၏ ၅၉၆ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)


……………….
(English Version)
China launches Fengyun-3 08 satellite
JIUQUAN, Sept. 27 (Xinhua) — China on Saturday launched the Fengyun-3 08 satellite into space from the Jiuquan Satellite Launch Center located in the country’s northwest.
The satellite was launched at 3:28 a.m. (Beijing Time) by a Long March-4C carrier rocket and successfully entered the planned orbit.
The satellite, equipped with nine remote sensing payloads, including a medium-resolution spectral imager and a microwave imager, will primarily support monitoring and research activities in weather forecasting, atmospheric chemistry and climate change, according to the China National Space Administration (CNSA).
Its operations are set to strengthen China’s capabilities in global numerical weather prediction, response to global climate change, and meteorological disaster prevention and mitigation, the CNSA said.
The launch marked the 596th flight mission of the Long March series carrier rockets. ■
English Caption
A Long March-4C rocket carrying the Fengyun-3 06 satellite blasts off from the Jiuquan Satellite Launch Center in northwest China, Aug. 3, 2023. (Photo by Wang Jiangbo/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.