China
မာလဝီနိုင်ငံ သမ္မတအဖြစ် မူသာရီကာ ရွေးကောက်ခံရခြင်းအပေါ် သမ္မတ ရှီ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မာလဝီနိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသည့် ပီတာ မူသာရီကာထံ ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာကို စက်တင်ဘာ ၂၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် မာလဝီနိုင်ငံတို့သည် ရိုးသား၍ ချစ်ကြည်ရင်းနှီးမှုရှိပြီး အပြန်အလှန် ပံ့ပိုးကူညီမှုရှိသော မိတ်ဆွေကောင်းများနှင့် မိတ်ဖက်ကောင်းများ ဖြစ်ကြသည်ဟု သမ္မတ ရှီက ပြောကြားလျက် သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသော မူသာရီကာအနေဖြင့် ၂၀၀၇ ခုနှစ်က နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ထားမှုအပေါ် အရေးပါသော အကျိုးဆောင်မှုများ ဆောင်ရွက်ခဲ့ခြင်းကိုလည်း သမ္မတ ရှီက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစ၍ တရုတ်-မာလဝီဆက်ဆံရေးသည် တည်ငြိမ် ချောမွေ့စွာ တိုးတက်လာခဲ့ကာ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၌ အသီးအပွင့်ရလဒ်များ ဆက်လက်နက်ရှိုင်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ၎င်းတို့အသီးသီး၏ ပင်မအကျိုးစီးပွားများနှင့် အဓိကဂရုပြုရမည့်ကိစ္စရပ်များနှင့် ဆက်စပ်သော အရေးကိစ္စများအပေါ် အချင်းချင်း အပြန်အလှန် ထောက်ခံအားပေးလျက်ရှိကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် ရှီက ၎င်းအနေဖြင့် မူသာရီကာနှင့်အတူ အချင်းချင်း အခိုင်အမာ ထောက်ခံအားပေးရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိရေး၊ တရုတ်-မာလဝီ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆက်လက်တိုးတက်လာခြင်းအား မြှင့်တင်ရေးအတွက် ဆောင်ရွက်ရန် ၎င်း၏အသင့်ရှိမှုကို သဝဏ်လွှာ၌ ဖော်ပြခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအား အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xi congratulates Mutharika on election as Malawian president
BEIJING, Sept. 26 (Xinhua) — Chinese President Xi Jinping on Friday extended congratulations to Peter Mutharika on his election as president of Malawi.
In his congratulatory message, Xi said that China and Malawi are sincere, friendly and mutually supportive good friends and partners, noting that President-elect Mutharika made significant contributions to the establishment of diplomatic relations between the two countries in 2007.
Since the establishment of diplomatic ties, the China-Malawi relationship has developed steadily and smoothly, with continuous deepening of political mutual trust and fruitful outcomes in practical cooperation, Xi said, adding that the two countries have supported each other on issues concerning their respective core interests and major concerns.
Xi expressed his readiness to work with Mutharika to firmly support each other, deepen mutually beneficial cooperation, and promote the continuous development of China-Malawi strategic partnership, so as to bring more benefits to the two peoples.
Photo: Chinese President Xi Jinping (R) meets with Malawian President Peter Mutharika at the Great Hall of the People in Beijing, capital of China, Sept. 1, 2018. (Xinhua/Zhang Ling)