China
မြောက်ပစိဖိတ်ကမ်းခြေစောင့်တပ် အဆင့်မြင့်အရာရှိများ အစည်းအဝေးကို တရုတ်နိုင်ငံက ကြီးမှူးကျင်းပ

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် မြောက်ပစိဖိတ်ဒေသရှိ ကမ်းခြေစောင့်ဥပဒေစိုးမိုးရေးဌာနများမှ အဆင့်မြင့်အရာရှိများ၏ အစည်းအဝေးတစ်ခုကို ကြီးမှူးကျင်းပခဲ့ပြီး ယင်းအစည်းအဝေးမှာ ဒေသတွင်း ကူးလူးဆက်ဆံမှုများနှင့် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ပင်လယ်ရေကြောင်းတည်ငြိမ်မှုကို ကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးသို့ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်နှင့် တရုတ် စသည့်နိုင်ငံတို့အပါအဝင် နိုင်ငံများမှ ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်ခဲ့သည်။
ကိုယ်စားလှယ်များသည် တရားမဝင် လူမှောင်ခိုကူးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကဲ့သို့သော ပင်လယ်ရေကြောင်းဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရန်၊ နှစ်နိုင်ငံနှင့် နိုင်ငံစုံ ရေကြောင်းတရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲလုပ်ဆောင်မှုများ အားကောင်းလာစေရေးနှင့် မြောက်ပစိဖိတ်သမုဒ္ဒရာ နိုင်ငံတကာရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းများ တရားဥပဒေနှင့်အညီ လုပ်ကိုင်ခြင်း ရှိ၊ မရှိ ကင်းလှည့်စောင့်ကြည့်ခြင်းအား ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ် (CCG) မှ သိရသည်။
၎င်းတို့သည် ရေကြောင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် ဂေဟပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်း၊ ဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်းကို တိုးမြှင့်ခြင်းနှင့် အစည်းအဝေးမူဘောင်အောက်တွင် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် လာမည့်နှစ်အတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဥ်း၍ ပဏာမ သဘောတူညီမှု ရရှိခဲ့ကြောင်း CCG မှ ထုတ်ပြန်ခဲ့သည်။
အစည်းအဝေးအတွင်း CCG က အဏ္ဏဝါဂေဟပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ကာဗွန်သိုလှောင်ကန်အသုံးပြုသည့် အလေ့အကျင့်များကို မျှဝေခဲ့ပြီး ၎င်း၏ ရေယာဉ်များနှင့် အခြေခံအလုပ်သမားလုပ်ငန်းခွင်များသို့ ကိုယ်စားလှယ်များ သွားရောက်လည်ပတ်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China hosts meeting of North Pacific coast guard senior officials
SHANGHAI, Sept. 26 (Xinhua) — China has hosted a meeting of senior officials from coast guard law enforcement agencies in the North Pacific region, aiming to promote cross-regional exchanges and cooperation in maritime security and safeguard maritime stability.
Held in Shanghai in east China from Monday to Friday, the meeting drew over 80 delegates from countries including Canada, Japan, the Republic of Korea, Russia, the United States, and China.
The delegates discussed jointly combating maritime transnational crimes, such as illegal human smuggling and drug trafficking, strengthening bilateral and multilateral maritime law enforcement cooperation and joint operations, and coordinating fishing enforcement patrols in the high seas of the North Pacific, according to the China Coast Guard (CCG).
They also talked about sharing experience in maritime emergency rescue and ecological environmental protection, enhancing law enforcement information sharing, and organizing joint exercises under the forum framework. In addition, preliminary consensus was reached on cooperation plans for the next year, the CCG said.
During the meeting, the CCG shared its practices of applying carbon sink to protect the marine ecological environment, and organized delegates to visit its vessels and grassroots work units. ■
English Caption
This snapshot taken from a video shows China Coast Guard (CCG) ships patrolling on the high seas of the North Pacific Ocean, on Aug. 27, 2023. (Xinhua)