China
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ တရုတ်နိုင်ငံ၏ သုံးမျိုးပေါင်းစပ် နျူကလီးယားအင်အားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၃ ရက်က ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ တရုတ်နိုင်ငံ၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင်အခြေပြု သုံးမျိုးပေါင်းစပ် မဟာဗျူဟာမြောက် နျူကလီးယားလက်နက် အင်အားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးမျိုးပေါင်းစပ် နျူကလီးယားလက်နက်များအနက် ကျင်းလေ-၁ (JingLei-1) ဝေဟင်အခြေပြု တာဝေးပစ်ဒုံးကျည်၊ ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် ကျွိလောင့်-၃ (JuLang-3) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်၊ တုန်းဖုန်း-၆၁ (DongFeng-61) မြေပြင်အခြေပြု တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်နှင့် ဒုံးကျည်အမျိုးအစားသစ်ဖြစ်သည့် တုန်းဖုန်း-၃၁ မြေပြင်အခြေပြု တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ ပါဝင်ကြောင်း သိရသည်။
ယင်းလက်နက်များမှာ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရန် တရုတ်နိုင်ငံ၏ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် စွမ်းပကားဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
(V-Day) China unveils nuclear triad for first time in parade
BEIJING, Sept. 3 (Xinhua) — China unveiled its land-, sea-, and air-based strategic forces as the nuclear triad for the first time in Wednesday’s V-Day military parade.
The triad included JingLei-1 air-based long-range missile, JuLang-3 submarine-launched intercontinental missile, DongFeng-61 land-based intercontinental missile, and new type DongFeng-31 land-based intercontinental missile.
The weapons are China’s strategic “ace” power to safeguard the country’s sovereignty and nation’s dignity. ■
English Caption
The nuclear missile formation attends a parade in Beijing, capital of China, Sept. 3, 2025. China on Wednesday held a grand gathering to commemorate the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War. (Xinhua/Liu Xu)