Connect with us

China

တရုတ်နိုင်ငံက အီလက်ထရောနစ် သတင်းအချက်အလက် ထုတ်လုပ်ရေး တိုးတက်မှု မြှင့်တင်ရန် လုပ်ဆောင်ချက် အစီအစဉ်ကို ချပြ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၁၃ ကြိမ်မြောက် တရုတ်နိုင်ငံ အီလက်ထရောနစ်သတင်းအချက်အလက်ပြပွဲ (CITE 2025) တွင် ဂရပ်ဖစ်ကတ်တစ်ခုအား လေ့လာနေသော ပြပွဲလာရောက်ကြည့်ရှုသူတစ်ဦးကို ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အီလက်ထရောနစ် သတင်းအချက်အလက် ထုတ်လုပ်ရေး နယ်ပယ်တွင် တိုးတက်မှုကို တည်ငြိမ်စေရန် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ လုပ်ငန်းအစီအစဉ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ကွန်ပျူတာ၊ ဆက်သွယ်ရေးနှင့် အခြားသော အီလက်ထရောနစ် စက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများတွင် တန်ဖိုးမြင့်ထုတ်ကုန် ပျမ်းမျှ တိုးတက်မှုနှုန်းသည် ၇ ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် စျေးကွက်စည်းမျဥ်း စီမံခန့်ခွဲရေးဆိုင်ရာ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့တို့မှ ထုတ်ပြန်သည့် အဆိုပါလုပ်ဆောင်ချက် အစီအစဉ်အရ သိရသည်။
လီသီယမ်ဘက်ထရီများ၊ ဆိုလာပြားများနှင့် အစိတ်အပိုင်းများထုတ်လုပ်ခြင်းစသည့် ဆက်စပ်ကဏ္ဍများ အပါအဝင် အီလက်ထရောနစ်သတင်းအချက်အလက်ထုတ်လုပ်ရေးလုပ်ငန်း၏ ပျမ်းမျှနှစ်စဉ်ဝင်ငွေတိုးတက်မှုနှုန်းသည် ၅ ရာခိုင်နှုန်းကို ကျော်လွန်ရန် မျှော်မှန်းထားကြောင်း ၎င်းအစီအစဥ်၌ ဖော်ပြထားသည်။
အဆိုပါ အစီအစဉ်သည် အီလက်ထရောနစ် သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်းတွင် စက်ကိရိယာများ အသစ်လဲခြင်းနှင့် အဓိကစီမံကိန်းများ တည်ဆောက်ခြင်းတို့ကို အလေးပေးဖော်ပြထားသည်။ ၎င်းသည် အီလက်ထရောနစ်သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်းကို ပိုမိုအဆင့်မြင့်၊ အသိဉာဏ်ရှိပြီး ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်သော အဆင့်သို့ မြှင့်တင်ရန် အဓိကစီမံကိန်းများ၏ မောင်းနှင်မှုအခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်က နိုင်ငံတကာအဆင့် ဦးဆောင်နေသော အီလက်ထရောနစ် သတင်းအချက်အလက်လုပ်ငန်း ဗဟိုဌာနများနှင့် အသေးစားလုပ်ငန်းများအတွက် အထူးပြုအစုအဖွဲ့များ တည်ဆောက်ရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
China unveils action plan to boost electronic information manufacturing growth
BEIJING, Sept. 4 (Xinhua) — China has rolled out an action plan to stabilize growth in the electronic information manufacturing industry from 2025 to 2026.
From 2025 to 2026, the average growth rate of added value in the computer, communication, and other electronic equipment manufacturing industries is expected to be around 7 percent, according to the action plan released by the Ministry of Industry and Information Technology, and the State Administration for Market Regulation.
When including related sectors such as lithium batteries, photovoltaics, and component manufacturing, the average annual revenue growth rate of the electronic information manufacturing industry is expected to exceed 5 percent, it says.
The plan stresses the equipment renewal in the electronic information manufacturing industry, as well as the construction of major projects. It aims to leverage the driving role of major projects to elevate the industry to a more high-end, intelligent, and eco-friendly level.
The plan urges the construction of internationally leading electronic information industry bases, as well as specialized clusters for smaller enterprises. ■
English Caption
A staff member checks equipment at a data center of China Mobile in Horinger, Hohhot City, north China’s Inner Mongolia, Nov. 28, 2023. (Xinhua/Li Zhipeng)