Connect with us

China

(SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး) သမ္မတရှီက SCO ၏ အကြီးကျယ်အခမ်းနားဆုံး ထိပ်သီးအစည်းအဝေး၌ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အစီအမံ (GGI) အား အဆိုပြု

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့၌ ကျင်းပသည့် "ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Plus" အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပကာ "SCO အင်အားကို စုစည်း၍ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုအား ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အစီအမံ (GGI) အား စက်တင်ဘာ ၁ ရက်က အဆိုပြုခဲ့ကာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပိုမိုတရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်အတွက် အတူတကွ ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းမြို့၌ ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Plus ထိပ်သီးအစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ SCO ၏ ၂၄ နှစ်တာ သက်တမ်းတစ်လျှောက် အကြီးကျယ်အခမ်းနားဆုံး ထိပ်သီးအစည်းအဝေးအား ထျန်းကျင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI) တို့ပြီးလျှင် GGI မှာ လွန်ခဲ့သည့် နှစ်များအတွင်း ရှီ အဆိုပြုခဲ့သည့် စတုတ္ထမြောက် အထင်ကရ ကမ္ဘာလုံးဆိုင်ရာ အစီအမံလည်းဖြစ်သည်။
အချုပ်အခြာအာဏာ တန်းတူညီမျှရှိမှုကို ထိန်းသိမ်းရေး၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရေး၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်ကိုင်ပြုကျင့်သုံးရေး၊ လူထုဗဟိုပြု ချဉ်းကပ်မှုကို အားပေးမြှင့်တင်ခြင်း၊ လက်တွေ့ဆောင်ရွက်ချက်များ၏ဦးတည်ချက်ကို အလေးထားရေးဟူသော GGI ၏ မူငါးရပ်ကို ရှီက အလေးအနက်ပြောကြားခဲ့သည်။
ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့တွင် ခေတ်ရေစီးကြောင်း ပြောင်းလဲခြင်းမရှိသေးသည့်တိုင် စစ်အေးတိုက်ပွဲ အယူအဆ၊ ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့မှာ ကမ္ဘာကြီးအား ခြောက်လှန့်နေဆဲဖြစ်ကြောင်း၊ ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုအသစ်များမှာလည်း ပိုမိုများပြားသထက် များပြားလာပြီး ကမ္ဘာကြီးအနေဖြင့် မငြိမ်သက်မှုနှင့် အသွင်ပြောင်းလဲမှု ကာလသစ်ကို ဖြတ်သန်းနေရကြောင်း ရှီက ပြောကြားခဲ့သည်။
“ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဟာ အလှည့်အပြောင်းကာလသစ်ဆီကို ရောက်ရှိနေပါပြီ” ဟု ၎င်းက ဆိုသည်။
ယခုနှစ်မှာ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲနှင့် ကုလသမဂ္ဂတည်ထောင်မှု နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခါသမယဖြစ်သည့်အားလျော်စွာ ကုလသမဂ္ဂ၏ အခွင့်အာဏာနှင့် ဂုဏ်ဒြပ်ကို ခိုင်ခိုင်မာမာ ကာကွယ်ထိန်းသိမ်းကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုတွင် ကုလသမဂ္ဂ၏ အစားထိုး၍မရနိုင်သော အဓိကကျသည့် အခန်းကဏ္ဍကို ခိုင်မာသေချာအောင် လုပ်ဆောင်ရန် ရှီက အလေးအနက်ပြောကြားခဲ့သည်။
နိုင်ငံအရွယ်အစား၊ အင်အား၊ ကြွယ်ဝချမ်းသာမှု မည်သို့ပင်ရှိစေကာမူ နိုင်ငံအသီးသီးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တွင် တန်းတူညီမျှပါဝင်နိုင်သူ၊ ဆုံးဖြတ်ချက်ချနိုင်သူ၊ အကျိုးခံစားခွင့်ရှိသူများဖြစ်ကြောင်း ရှီက ဆိုသည်။
“စံနှုန်းနှစ်မျိုးထားတာတွေ မရှိသင့်သလို နိုင်ငံတချို့ရဲ့ အိမ်စည်းမျဉ်းစည်းကမ်းတွေကိုလည်း တခြားနိုင်ငံတွေအပေါ် အတင်းအဓမ္မချမှတ်တာမျိုး မဖြစ်သင့်ပါဘူး” ဟု ရှီက အလေးအနက်ပြောကြားခဲ့သည်။
ထို့အတူ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ဘုံစိန်ခေါ်မှုများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေး၊ တောင်-မြောက် ကွာဟချက် ပိုမိုကျဉ်းမြောင်းလာရေး၊ ကမ္ဘာ့နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရေးအတွက် ကြိုးပမ်းအားထုတ်ကြရန်လည်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20250902/12e2109db4404d80a78c950dd4636a21/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး ကျင်းပရာ ပင်မနေရာ၏ အပြင်ဘက်မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(English Version)
(SCO Tianjin Summit) Xinhua Headlines: Xi proposes Global Governance Initiative at largest-ever SCO summit
TIANJIN, Sept. 1 (Xinhua) — Chinese President Xi Jinping on Monday proposed the Global Governance Initiative (GGI), calling on countries to work in concert for a more just and equitable global governance system.
Xi made the remarks when chairing the “Shanghai Cooperation Organization (SCO) Plus” Meeting in north China’s port city of Tianjin, where the SCO held the largest summit in its 24-year history, attended by leaders from more than 20 countries and heads of 10 international organizations.
The GGI marks the fourth landmark global initiative proposed by Xi over the past several years, following the Global Development Initiative, the Global Security Initiative and the Global Civilization Initiative.
Xi highlighted five principles of the GGI — adhering to sovereign equality, abiding by international rule of law, practicing multilateralism, advocating the people-centered approach, and focusing on taking real actions.
While the historical trends of peace, development, cooperation and mutual benefit remain unchanged, the Cold War mentality, hegemonism and protectionism continue to haunt the world, Xi said, adding that new threats and challenges have been only increasing, and the world has found itself in a new period of turbulence and transformation.
“Global governance has come to a new crossroads,” he said.
This year marks the 80th anniversary of the victory in the World Anti-Fascist War and the founding of the United Nations. Xi stressed firmly safeguarding the status and authority of the UN, and ensuring its irreplaceable and key role in global governance.
He said that all countries, regardless of size, strength and wealth, are equal participants, decision-makers, and beneficiaries in global governance.
“There should be no double standards, and the house rules of a few countries must not be imposed upon others,” Xi noted.
He also urged efforts to better tackle the common challenges for mankind, better narrow the North-South gap, and better safeguard the common interests of all countries.
https://english.news.cn/20250902/12e2109db4404d80a78c950dd4636a21/c.html
English Caption 1
Chinese President Xi Jinping chairs the “Shanghai Cooperation Organization (SCO) Plus” Meeting and delivers a speech titled “Pooling the Strength of the Shanghai Cooperation Organization to Improve Global Governance” in Tianjin, north China, Sept. 1, 2025. (Xinhua/Huang Jingwen)
English Caption 2
This photo taken on Aug. 30, 2025 shows an exterior view of the main venue of the Shanghai Cooperation Organization (SCO) Summit 2025 in Tianjin, north China. (Xinhua/Sun Fanyue)