Connect with us

China

ဒုတိယကမ္ဘာစစ် အောင်ပွဲအတွက် တရုတ်နိုင်ငံ၏ အကျိုးထမ်းဆောင်မှုများကို Think Tank အစီရင်ခံစာ၌ မီးမောင်းထိုးဖော်ပြ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ထျန်းအန်းမန်ရင်ပြင်၌ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား ကြီးကျယ်ခမ်းနားစွာ ကျင်းပစဉ် ကောင်းကင်ပေါ်သို့ မိုးပျံပူဖောင်းများ လွှတ်တင်နေပုံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၅ ရက်က ထုတ်ပြန်သည့် Think Tank အဖွဲ့ အစီရင်ခံစာတစ်စောင်၌ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအတွက် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ၏ အကျိုးထမ်းဆောင်မှုများနှင့် ကြီးမားသော အရေးပါမှုတို့ကို မီးမောင်းထိုးဖော်ပြထားကြောင်း သိရသည်။

“သမိုင်းအား အောက်မေ့သတိရခြင်းနှင့် တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ အရှေ့ဘက် အဓိကစစ်မျက်နှာမှ ကြီးမားသော အကျိုးထမ်းဆောင်မှုများ” ဟု အမည်ပေးထားသော ထိုအစီရင်ခံစာအား ဆင်ဟွာသတင်းဌာန လက်အောက်ရှိ Think Tank အဖွဲ့ဖြစ်သည့် ဆင်ဟွာအင်စတီကျုက တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်မှာ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ကာလ ဖြစ်သည်နှင့်အညီ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာ ၃ ရက်က စစ်ရေးပြအခမ်းအနားကြီး အပါအဝင် ဂုဏ်ပြုအခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။

“ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲမှာ တစ်ကမ္ဘာလုံး စုစည်းညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုဖြစ်သကဲ့သို့ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲသည်လည်း အလွန်အရေးပါသော အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သည်” ဟု ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်းအစီရင်ခံစာ၌ အရှေ့ဘက် အဓိကစစ်မျက်နှာ၏ ကမ္ဘာကြီးအတွက် ခိုင်ခိုင်မာမာ အရေးပါမှုကို အသေးစိတ်ဖော်ပြထားကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံသာယာဝပြောမှု လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးအတွက်လည်း အတူတကွ ကြိုးပမ်းသွားရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)

Think tank report highlights China’s contributions to WWII victory

BEIJING, Sept. 5 (Xinhua) — A think tank report released on Friday underlines the great significance and contributions of the Chinese people’s resistance against Japanese aggression to the victory in the World Anti-Fascist War.

Titled “Remembering History and Defending Justice — Great Contributions of the Main Battlefield in the East of the World Anti-Fascist War,” the report was published in both Chinese and English by Xinhua Institute, a think tank affiliated with Xinhua News Agency.

This year marks the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War. China held grand commemorations, including a massive military parade, in Beijing on Wednesday.

“The World Anti-Fascist War was a unified global struggle, with the Chinese People’s War of Resistance against Japanese Aggression forming a vital component,” the report says.

It elaborates on the unshakable global significance of the main battlefield in the east and calls for joint efforts to stay on the path of peaceful development and common prosperity. ■

English Caption

Balloons are released into the sky over Tian’anmen Square in Beijing, capital of China, Sept. 3, 2025. China on Wednesday held a grand gathering to commemorate the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War. (Xinhua/Li Xin)