Connect with us

China

အာရှဘေ့စ်ဘောချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ဖူကျိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် အာရှဘေ့စ်ဘောချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖိန်ထန်ခရိုင်တွင် စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ပါဝင်ယှဥ်ပြိုင်မည့်အသင်း ၈ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက စက်တင်ဘာ ၅ ရက်၌ ကြေညာခဲ့သည်။
အဆိုပါအာရှဘေ့စ်ဘောချန်ပီယံရှစ်ပြိုင်ပွဲတွင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်ထိုင်ပေ၊ ဖိလစ်ပိုင်၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပါကစ္စတန်၊ ပါလက်စတိုင်းနှင့် အိမ်ရှင် တရုတ်နိုင်ငံတို့ ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်သည်။
အကြိမ်နှစ်ဆယ်ချန်ပီယံ (ပထမ) ဆုရှင် ဂျပန်၊ ၂၀၂၃ ခုနှစ် ဆီမီးဖိုင်နယ်အဆင့်ဝင် တောင်ကိုရီးယားနှင့် ၂၀၁၉ ခုနှစ် ပထမဆုရှင်နှင့် ၂၀၂၃ ခုနှစ် ဒုတိယဆုရှင် တရုတ်ထိုင်ပေတို့က ယခုနှစ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ရေပန်းအစားဆုံးဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲ၌ ချန်ပီယံဆုရရှိသည့်အသင်းက ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ယူ-၂၃ ဘေ့စ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China to host Asian baseball championship
FUZHOU, Sept. 5 (Xinhua) — The 2025 Asian Baseball Championship will be held in Pingtan of southeast China’s Fujian Province from September 22 to 28 with the participation of eight teams, organizers announced on Friday.
The championship will feature Japan, South Korea, Chinese Taipei, the Philippines, Hong Kong of China, Pakistan, Palestine and host China.
Twenty-time winner Japan, 2023 semifinalist South Korea and Chinese Taipei, winner in 2019 and runner-up in 2023, are favorites in this year’s championship, whose winner will qualify for the U-23 Baseball World Cup in 2026. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.