China
တရုတ်နိုင်ငံက ရေကြီးမှုဒဏ်ခံရသည့်ဒေသများအတွက် ယွမ် သန်း ၉၄၀ ခွဲဝေချထား

ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် သဘာဝဘေးကယ်ဆယ်ထောက်ပံ့ရေးရန်ပုံငွေအဖြစ် ရေကြီးမှုဒဏ်ခံခဲ့ရသည့်ဒေသများကို ထောက်ပံ့ကူညီရန် ယွမ် သန်း ၉၄၀ (အမေရိကန်ဒေါ်လာ ၁၃၂ သန်းခန့်) ခွဲဝေသတ်မှတ်ထားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါရန်ပုံငွေစုစုပေါင်း၏ တစ်စိတ်တစ်ပိုင်းကို ဖူကျန့်၊ ကွမ်တုန်း၊ ရှင်းကျန်းနှင့် ကန်းစု ပြည်နယ်အဆင့်ဒေသလေးခုတွင် စိုက်ခင်းများပြန်လည်ထူထောင်ရေးနှင့် ပျက်စီးခဲ့သည့်လယ်ယာများပြုပြင်ရေးတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနအဆိုအရသိရသည်။
တစ်ချိန်တည်းတွင် ပြည်နယ်အဆင့်ဒေသရှစ်ခု ဖြစ်သည့် ပေကျင်း၊ ဟဲပေ၊ အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျီလျင်၊ ဖူကျန့်၊ ဆန်းတုန်း၊ စီချွမ်းနှင့်ကန်းစု ဒေသများသည် ရေကြီးမှုကြောင့် ပျက်စီးခဲ့ရသည့် ရေထိန်းသိမ်းမှုစီမံကိန်းများ အရှိန်အဟုန်မြှင့်ပြုပြင်ရန် ရန်ပုံငွေများလက်ခံရရှိမည်ဖြစ်ကြောင်း (Xinhua)
……………………..
(English Version)
China allocates 940 mln yuan to support flood-hit regions
BEIJING, Sept. 5 (Xinhua) — China has allocated 940 million yuan (about 132 million U.S. dollars) in disaster relief funds to support flood-hit regions, the Ministry of Finance said Friday.
Of the total funds, part of the money will go to four provincial-level regions — Fujian, Guangdong, Xinjiang and Gansu — to assist with crop replanting and the repair of damaged farming facilities, according to the ministry.
Meanwhile, eight provincial-level regions, namely Beijing, Hebei, Inner Mongolia, Jilin, Fujian, Shandong, Sichuan and Gansu, will receive funding to accelerate repairs on flood-damaged water conservancy projects, the ministry stated.
Photo : A rescuer helps evacuate a senior resident from a flood-affected area in Congjiang County, southwest China’s Guizhou Province, June 24, 2025. (Photo by Wu Xingke/Xinhua)