China
တရုတ်နိုင်ငံဟိုင်နန်ပြည်နယ်တွင် ကမ္ဘာ့လွတ်လပ်သောကုန်သွယ်ရေးဇုန်များအဖွဲ့ချုပ်၏ ၁၁ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံအား လက်ခံကျင်းပမည်

ဟိုင်ခို၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
ကမ္ဘာ့လွတ်လပ်သောကုန်သွယ်ရေးဇုန်များအဖွဲ့ချုပ် (World FZO) ၏ ၁၁ ကြိမ်မြောက်နှစ်ပတ်လည် ညီလာခံကို အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်၏ မြို့တော် ဟိုင်ခို၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ စက်တင်ဘာ ၅ ရက် ထုတ်ပြန်ကြေညာမှုအရ သိရသည်။
အဆိုပါ ညီလာခံမှာ တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်မည့်ညီလာခံဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်မှ ကိုယ်စားလှယ် ၁,၅၀၀ ကျော်တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း၊ ညီလာခံကို လက်ခံကျင်းပခြင်းဖြင့် စံချိန်စံညွှန်းမြင့်မားသည့် လွတ်လပ်သောကုန်သွယ်ရေးဇုန်များ၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်သို့ ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ပေါင်းစပ်ပါဝင်မှု မြှင့်တင်ရန် မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့သော World FZO မှာ ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် ကမ္ဘာတစ်ဝန်းတွင် လွတ်လပ်သော ကုန်သွယ်ရေးဇုန်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆန်းသစ်ပြောင်းလဲမှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် အကျိုးအမြတ်မယူသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
World FZO က နှစ်စဉ်ကျင်းပခဲ့သည့်ညီလာခံမှာ လွတ်လပ်သောကုန်သွယ်ရေးလွတ်လပ်ဇုန် နယ်ပယ်တွင် ကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးနိုင်မှုအရှိဆုံး ကူးလူးဖလှယ်မှုစင်မြင့်တစ်ခုအဖြစ် တိုးတက်လာခဲ့ကြောင်း သိရသည်။
World FZO နှစ်ပတ်လည်ညီလာခံအား ပူးတွဲစီစဉ်ကျင်းပမည့် ဟိုင်နယ်ပြည်နယ်၏ နိုင်ငံတကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာနမှ ဝမ်ကွမ်ကျစ်က ညီလာခံကို ဟိုင်နန်တွင် လက်ခံကျင်းပခြင်းဖြင့် အဆင့်အတန်းမြင့်သည့်ပွင့်လင်းမြင်သာမှုအပေါ် တရုတ်နိုင်ငံ၏ ကတိကဝတ်ပြုမှုနှင့် ဟိုင်နန် ကုန်သွယ်ရေးလွတ်လပ်မှုဆိပ်ကမ်းတည်ဆောက်ရေး၏ တိုးတက်မှု နှစ်ခုစလုံးအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှု ရောင်ပြန်ဟပ်စေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟိုင်နန်ပြည်နယ်သည် စည်းကြပ်ခွန်ကင်းလွတ်ခွင့် မူဝါဒများအပေါ် ပို၍ ဦးစားပေးမှု၊ ပို၍ ပြောင်းလဲပြု ပြင်လွယ်သော ကုန်သွယ်ရေးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံများ၊ ပို၍ အချိန်ကုန်သက်သာစေသော အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ၊ ပို၍ အကျိုးဖြစ်ထွန်းပြီး ထိရောက်သည့် ကြီးကြပ်မှု ပုံစံများကို မိတ်ဆက်ကျင့်သုံးခြင်းဖြင့် ဟိုင်နန်ပုံစံ (Hainan model) ကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး လွတ်လပ်ဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ဝမ်က ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကာလရှည်အမြော်အမြင်တစ်ခုနှင့်အတူ ဟိုင်နန်အား နိုင်ငံသားများ၏ ကိုယ်ပိုင်စရိုက်လက္ခဏာများနှင့်အညီ ဖွံ့ဖြိုးတိုးတက်သည့် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခု အဖြစ်သို့ အသွင်ပြောင်းလဲမည့်ရှေ့ပြေးစီမံကိန်းအား ၂၀၁၈ ခုနှစ် ဧပြီလက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ဟိုင်နန် FTP ဆိပ်ကမ်းအနေဖြင့် ဟိုင်နန်ကျွန်းတစ်ခုလုံးကိုလွှမ်းခြုံနိုင်သည့် လွတ်လပ်သော အကောက်ခွန်စီမံကိန်းတစ်ခုအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်၌ စတင်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
China’s Hainan to host 11th World Free Zones Organization Annual Congress
HAIKOU, Sept. 6 (Xinhua) — The 11th edition of the World Free Zones Organization (World FZO) Annual Congress will be held in Haikou, the capital of south China’s Hainan Province, from Oct. 10 to 12, local authorities announced on Friday.
The event, which will be held in China for the first time, is expected to bring together over 1,500 participants from more than 70 countries and regions, highlighting the increasing integration of the Hainan Free Trade Port (FTP) into the global network of high-standard free trade zones.
Founded in 2014, the World FZO is a nonprofit international organization dedicated to promoting innovation and development in free zones worldwide and to supporting sustainable global economic growth. Its annual congress has grown into one of the most influential global exchange platforms in the field of free zones.
Wang Guangzhi from the Hainan Provincial Bureau of International Economic Development, which will co-host the congress with the World FZO, said that hosting the event in Hainan reflects the international community’s recognition of both China’s commitment to high-standard opening-up and the progress of the Hainan FTP’s construction.
Hainan will introduce more preferential zero-tariff policies, more flexible trade management measures, more convenient clearance procedures, and more efficient and targeted supervision models, contributing a Hainan model to the global development of free zones, Wang said.
In April 2018, China announced plans to transform Hainan into a pilot free trade zone, with a long-term vision of developing a free trade port with Chinese characteristics. The Hainan FTP is set to launch an island-wide independent customs operation on Dec. 18, 2025. ■
Photo:
An aerial drone photo shows a duty-free shopping mall in Sanya, south China’s Hainan Province, May 29, 2025. (Xinhua/Yang Guanyu)