China
တရုတ်နိုင်ငံတောင်ပိုင်းတွင် Flying Tigers တပ်ဖွဲ့ဝင်များကိုဂုဏ်ပြုသည့် ပြခန်းသစ် ဖွင့်လှစ်

နန်နင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်သူများကို တရုတ်နိုင်ငံတပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ခိုက်ခဲ့သည့် Flying Tigers အမေရိကန်စေတနာ့ဝန်ထမ်းလေယာဥ်မှူးများအား ဂုဏ်ပြုသည့်ပြခန်းတစ်ခုကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်ခဲ့သည်။
ပြခန်းတွင် လေယာဥ်မှူးဝတ်စုံများ၊ လက်ပတ်များမှသည် ပေးစာများ၊ နေ့စဥ်မှတ်တမ်းစာအုပ်များနှင့် အများစုမှာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ပြည်သူများလှူဒါန်းသည့် အမွေအနှစ်ပစ္စည်း ၁,၀၀၀ ကျော် တို့ကို အတူတကွပြသထားသောပြခန်းကို လျိုကျိုးစစ်သမိုင်းပြတိုက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း လျိုကျိုးမြို့သည် တရုတ်နိုင်ငံ တောင်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးအချက်အချာနှင့် စစ်ရေး အခြေစိုက်စခန်းဖြစ်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် Flying Tigers တပ်ဖွဲ့ဝင်များ ယင်းမြို့သို့ရောက်ရှိလာပြီး ဒေသတွင်း လေဆိပ်၌ စခန်းချခဲ့သည်။ အမေရိကန် လေယာဉ်မှူးများက ဂျပန်ကျူးကျော်သူများကို တွန်းလှန်တိုက်ထုတ်ရေးမစ်ရှင်များအား ယင်းနေရာမှ လုပ်ဆောင်ခဲ့ကြရာ ပျက်ကျခဲ့သည့်လေယာဥ်မှူးများကို ဒေသခံပြည်သူများက စွန့်စွန့်စားစားကယ်တင်ခဲ့သည့် သမိုင်းဝင်နေရာများ၊ ပုံရိပ်များနှင့် ဇာတ်လမ်းများစွာ ကျန်ရစ်ခဲ့သည်။
သမိုင်းကိုဖော်ပြရာတွင် “ထူးခြားတဲ့ခင်မင်ရင်းနှီးမှုနှင့် နှလုံးသားထဲက အပြန်အလှန်စွန့်လွှတ်အနစ်နာခံမှု တစ်ခုဖြစ်ကြောင်း” တရုတ်-အမေရိကန် လေကြောင်း အမွေအနှစ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Jeffrey Greene က ပြခန်းဖွင့်လှစ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။ တရုတ်ပြည်သူများနှင့် အမေရိကန်ပြည်သူများသည် ဒုတိယကမ္ဘာစစ် အမှောင်မိုက်ဆုံးနေ့ရက်များအတွင်း မှတ်တမ်းတင်ရမည့် ခင်မင်ရင်းနှီးမှုဖြစ်ထွန်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြပွဲကို အများပြည်သူအတွက် ကာလရှည်အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်လေယာဥ်မှူးများသည် တရုတ်စစ်သည်များ၊ ပြည်သူများနှင့်လက်တွဲကာ ဂျပန်ကျူးကျော်သူများအား မည်သို့မည်ပုံတိုက်ပွဲဝင်ခဲ့ကြသည်ဆိုသည့် အကြောင်းအရာများကို ကဏ္ဍ ငါးခုဖြင့် တင်ဆက်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)
…………………….
(English Version)
Legacy of Flying Tigers honored with new exhibition in south China
NANNING, Sept. 7 (Xinhua) — A permanent exhibition honoring the Flying Tigers — the American volunteer pilots who fought alongside Chinese forces against Japanese aggressors during World War II — opened on Sunday in Liuzhou, south China’s Guangxi Zhuang Autonomous Region.
Housed in the Liuzhou Military Museum, the exhibition brings together more than 1,000 artifacts — from flight suits and arm patches to letters and diaries, many of which were donated by people in China and the United States.
Liuzhou was a key transportation hub and military stronghold in southern China during the war. In 1942, the Flying Tigers came to the city and was stationed in a local airport. From there, American pilots flew missions against Japanese invaders, leaving behind historical sites, images and stories of locals risking their lives to rescue downed airmen.
Describing the history as one “with remarkable friendship and mutual sacrifice at its heart,” Jeffrey Greene, chairman of the Sino-American Aviation Heritage Foundation, said at the opening ceremony that the peoples of China and the United States had developed a remarkable relationship during the darkest days of WWII.
The exhibition will be open to the public free of charge long term, featuring five themed sections presenting the stories of how the American pilots fought side-by-side with Chinese soldiers and civilians during the war.
Photo : Visitors discuss with each other while viewing exhibits at the Flying Tigers Photo Exhibition in Shanghai, east China, July 8, 2025. (Xinhua/Fang Zhe)