China
၂၀၂၆ ခုနှစ် ဒိုဟာ WTT ချန်ပီယံပြိုင်ပွဲ၌ ကျူး နှင့် လျင် တို့ သရဖူဆောင်း
ဒိုဟာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ဒိုဟာ ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ပြိုင်ပွဲတွင် တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသမှ ကျူးယွီလျင် နှင့် တရုတ်ထိုင်ပေ တင်းနစ်အားကစားသမား လျင်ယွင်ရူ တို့က အမျိုးသမီးနှင့် အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုများကို ဇန်နဝါရီ ၁၂ ရက်၌ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။
လေးနှစ်ကြာ ဝေးကွာပြီးနောက် ၂၀၂၄ ခုနှစ် စက်တင်ဘာလ၌ နိုင်ငံတကာပြိုင်ပွဲစင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိလာသည့် ကျူး က ကမ္ဘာ့အဆင့် ၄ ရှိ တရုတ်နိုင်ငံက ချန်ရှင်းထုန်ကို ရမှတ် ၅-၁၁၊ ၁၃-၁၁၊ ၃-၁၁၊ ၁၁-၇၊ ၁၁-၈၊ ၁၃-၁၁ နှင့် အနိုင်ယူပြီး ၎င်း၏ ပထမဆုံး WTT ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ၂၀၂၅ ခုနှစ် United States Smash ချန်ပီယံဆုကို ရရှိပြီးနောက် နောက်ထပ် ဂုဏ်ယူစရာဆုတစ်ခု ထပ်မံရရှိခဲ့ခြင်းလည်းဖြစ်သည်။
“ကျွန်မ ပြန်စပြိုင်ကတည်းက တစ်ရက်တည်းမှာ ပွဲစဉ်နှစ်ပွဲ ကစားခဲ့တာ ဒါ ပထမဆုံးအကြိမ် ဖြစ်နိုင်ပါတယ်။ ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားအတွက် ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပါပဲ” ဟု ကျူး က ပြောကြားခဲ့သည်။
“ကျွန်မရဲ့ စားပွဲတင်တင်းနစ်ကစားသမားဘဝ အဆုံးသတ်ချိန်ကို ရောက်နေပြီလား မရောက်သေးဘူးလား ကျွန်မမသိဘူး။ ဘယ်တော့အဆုံးသတ်မလဲဆိုတာကိုလည်း ကျွန်မမသိဘူး။ ဆက်သွားချင်ရင်တော့ ပွဲစဉ်တိုင်း၊ နေ့ရက်တိုင်းနဲ့ အတွေ့အကြုံတိုင်းကို နောက်ဆုံးယှဉ်ပြိုင်ရမယ့်ပွဲလို့ သဘောထားပြီး နောင်တမရှိလေရအောင် ယှဉ်ပြိုင်ရပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမျိုးသားတစ်ဦးချင်းယှဉ်ပြိုင်မှု၌လည်း လျင် က WTT စီးရီးပြိုင်ပွဲများတွင် ၂၆ လကြာ ချန်ပီယံဆု လက်လွတ်ခဲ့ရမှုအား တောင်ကိုရီးယားမှ ဂျန်ဝူးဂျင်ကို ရမှတ် ၁၁-၇၊ ၁၁-၉၊ ၁၁-၉၊ ၁၃-၁၁ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ယင်းက ၂၀၂၃ ခုနှစ် ချန်ပီယံ ဖရန့်ဖွတ်ပြီးနောက် ၎င်း၏ ပထမဆုံး WTT ချန်ပီယံဆုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။
“WTT ချန်ပီယံဆု နောက်ဆုံးအကြိမ် ရရှိခဲ့တာ နှစ်နှစ်ကျော်ရှိနေပြီမို့ ကျွန်တော် သိပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော်က ဒီလောက်ကောင်းတဲ့ ရလဒ်ကို မမျှော်မှန်းခဲ့ပါဘူး၊ ဆက်လက်လုပ်ဆောင်နိုင်ဖို့လည်း မျှော်လင့်ပါတယ်” ဟု လျင် က ဖွင့်ဟပြောကြားခဲ့သည်။ “ပွဲစဉ်တိုင်းအတွက် သေသေချာချာ ပြင်ဆင်ပြီး အချိန်တိုင်း အစွမ်းကုန် ကြိုးစားသွားပါမယ်” ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါရာသီအဖွင့် WTT စီးရီးပြိုင်ပွဲပြီးဆုံးပြီးနောက် ဒိုဟာမြို့သည် WTT Star Contender ပွဲကို ဇန်နဝါရီ ၁၃ ရက်မှ ၁၈ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ဖရန့်ဖွတ် WTT ချန်ပီယံပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ Ma Long နှင့် အမျိုးသားတစ်ဦးချင်းဖိုင်နယ်ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် တရုတ်ထိုင်ပေမှ Lin Yun-Ju ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Zhu, Lin crowned at WTT Champions Doha
DOHA, Jan. 12 (Xinhua) — Zhu Yuling of Macao, China and Chinese Taipei paddler Lin Yun-ju claimed the women’s and men’s singles titles respectively at the World Table Tennis (WTT) Champions Doha tournament on Sunday.
Zhu, who returned to the international stage in September 2024 after four years away, lifted her maiden WTT Champions trophy after overcoming an early deficit to beat world No. 4 Chen Xingtong of China 5-11, 13-11, 3-11, 11-7, 11-8, 13-11, adding another big honor after her 2025 United States Smash crown.
“Maybe it’s the first time that I played two matches in a single day since I came back. It’s a big test for my physical and mental strength,” Zhu reflected.
“I don’t know whether I am already reaching the end of my table tennis career. I don’t know when it will end. If I want to carry on, I’d treat every match, every day and every experience as the last one to compete and leave no regrets,” she added.
On the men’s side, Lin ended his 26-month title drought in the WTT Series with an 11-7, 11-9, 11-9, 13-11 victory over South Korea’s Jang Woo-jin, winning his first WTT title after the 2023 Champions Frankfurt.
“It’s been more than two years since I last claimed a WTT Champions title, so I am indeed very happy. I did not expect such a great result and hope to be able to continue,” Lin admitted. “I will focus on preparing for each match well and give it my all every single time.”
After the conclusion of the season-opening WTT Series tournament, Doha will continue to host the WTT Star Contender event from January 13 to 18. ■
English Caption 1
Zhu Yuling of China’s Macao hits a return during the women’s singles semifinal match against Han Ying of Germany at the WTT Champions Doha 2026 in Doha, Qatar, Jan. 11, 2026.
English Caption 2
Lin Yun-Ju of Chinese Taipei hits a return during the men’s singles final against Ma Long of China at the WTT Champions Frankfurt 2023 in Frankfurt, Germany, Nov. 5, 2023. (Xinhua/Zhang Fan)
