China
အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲတွင် တရုတ်အသင်း ရှုံးထွက်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်
ရီယတ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ဇန်နဝါရီ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ အုပ်စု-D နောက်ဆုံးပွဲစဉ်၌ ထိုင်းအသင်းနှင့် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် တရုတ်အသင်းမှာ ယင်းပြိုင်ပွဲတွင် ရှုံးထွက်အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
တရုတ်အသင်းမှာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေကျခဲ့ပြီး အုပ်စုဒုတိယရရှိခဲ့သည်။ တရုတ်အသင်းသည် အဖွင့်ပွဲစဉ်တွင် အီရတ်နှင့် ဂိုးမရှိသရေကျခဲ့ကာ ဩစတြေးလျကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဩစတြေးလျမှာမူ အီရတ်ကို နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။
ပထမပိုင်းတွင် ထိုင်းအသင်းက တရုတ်အသင်းဂိုးဧရိယာထဲအထိ တရစပ်ဖိကစားခဲ့သော်လည်း တရုတ်အသင်းက ကျစ်လျစ်သော ခံစစ်စုဖွဲ့မှုကို ထိန်းထားနိုင်ခဲ့သည်။ ဂိုးသမား လီဟောက်မှာလည်း ယခင်ပွဲစဉ်များကဲ့သို့ပင် အကောင်းဆုံးလက်စွမ်းပြကာ အရေးပါသော ဂိုးပေါက်ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သဖြင့် ထိုင်းအသင်း ဂိုးမရရှိခဲ့ပေ။
ပထမပိုင်းတွင် တရုတ်ကစားသမားသုံးဦး အဝါကတ်ပြသခြင်းခံခဲ့ရသည်။
ဒုတိယပိုင်းပြန်စချိန်တွင်လည်း ထိုင်းအသင်းကပင် တောက်လျှောက်ဖိအားပေးကစားခဲ့ရာ ပွဲချိန် ၅၇ မိနစ်တွင် အီကလက်စ် ဆန်ရွန်က အနီးကပ် ထောင့်ကျဉ်းအနေအထားမှ ကန်သွင်းခဲ့သော်လည်း လီက ထပ်မံကာကွယ်သွားခဲ့သည်။
နှစ်သင်းစလုံးက ဂိုးသွင်းခွင့်များကို အသုံးမချနိုင်ခဲ့သည့်အတွက် ယခုပွဲစဉ်မှာ ဂိုးမရှိသရေလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။
တရုတ်အသင်းနည်းပြချုပ် အန်တိုနီယို ပူးချေး ဗီဆန်တေးက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ အသင်းအတွက် သမိုင်းဝင် အခိုက်အတန့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော် သိပ်ပျော်ပါတယ်။ ကျွန်တော့်ကစားသမားတွေအတွက် သိပ်ကိုဂုဏ်ယူပါတယ်။ သူတို့ သိပ်ကောင်းကြတယ်။ သူတို့မှာ ယုံကြည်မှုရှိကြတယ်။ အဲဒါက ဘောလုံးအသင်းတစ်သင်းအတွက် အင်မတန် အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ်အသင်းအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း ဂျက်ဒါမြို့တွင် ဇန်နဝါရီ ၁၇ ရက်၌ ဥဇဘက်ကစ္စတန်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တရုတ်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်၌ တရုတ်အသင်းမှ ရွှီပင်း (ယာ-ပထမ) နှင့် ထိုင်းအသင်းမှ အီကလက်စ် ဆန်ရွန် (ယာ-ဒုတိယ) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တရုတ်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်၌ တရုတ်အသင်းမှ ဟူဟယ်ထောင်း (ယာ) နှင့် ထိုင်းအသင်းမှ ချာဝမ်ဝစ် ဆီအာလောင်တို့ ယှဉ်ပြိုင်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တရုတ်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်၌ တရုတ်အသင်းမှ ဟဲ့ရိရန် (ယာ) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)
…………….
(English Version)
China reaches knockout stage for first time in AFC U23 Asian Cup
RIYADH, Jan. 14 (Xinhua) — China reached the knockout stage of the AFC U23 Asian Cup for the first time after drawing 0-0 with Thailand in its final Group D match here on Wednesday.
China finished second in the group with one win and two draws. It started the campaign with a 0-0 draw against Iraq before beating Australia 1-0. Australia topped the group after coming from behind to beat Iraq 2-1.
China kept a solid defensive shape in the first half as Thailand pressed into the penalty area.
Goalkeeper Li Hao continued his strong form from the previous matches, making several key saves to deny Thailand.
Three China players were booked in the first half.
Thailand sustained the pressure after the break. In the 57th minute, a through ball sent Iklas Sanron through on goal, but Li made another save at close range from a tight angle.
Neither side converted its chances and the match ended goalless.
China head coach Antonio Puche Vicente said advancing to the knockout stage was “historic” for the team.
“I am very happy. I am very proud of my players. They are fantastic. They believe in that. This is very important for one team in football,” he said.
China will face Uzbekistan in the quarterfinals on Saturday in Jeddah in western Saudi Arabia.
English Caption 1
Wang Yudong (2nd R) of China competes during the 2026 AFC U23 Asian Cup group match between China and Thailand in Riyadh, Saudi Arabia, Jan. 14, 2026. (Xinhua/Wang Haizhou)
English Caption 2
Xu Bin (1st R) of China vies with Iklas Sanron (2nd R) of Thailand during the 2026 AFC U23 Asian Cup group match between China and Thailand in Riyadh, Saudi Arabia, Jan. 14, 2026. (Xinhua/Wang Haizhou)
English Caption 3
Hu Hetao (R) of China vies with Chawanwit Sealao of Thailand during the 2026 AFC U23 Asian Cup group match between China and Thailand in Riyadh, Saudi Arabia, Jan. 14, 2026. (Xinhua/Wang Haizhou)
English Caption 4
He Yiran (R) of China competes during the 2026 AFC U23 Asian Cup group match between China and Thailand in Riyadh, Saudi Arabia, Jan. 14, 2026. (Xinhua/Wang Haizhou)
