China
AI လေ့ကျင့်ရေးဆရာလက်မှတ်ဖြင့် ကန်းစုပြည်နယ် ပထမအသုတ် မသန်စွမ်းသူများ လုပ်ငန်းခွင်ဝင်
လန်ကျိုး၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
မကြာမီကာလများတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် မသန်စွမ်းသူများအဖွဲ့ချုပ်နှင့် လန်ကျိုးမြို့ စိတ်နှလုံးချင်းဆက်နွှယ်သော လူမှုလုပ်ငန်းဝန်ဆောင်စင်တာတို့သည် အဆင့်မြင်ပညာကျောင်းများနှင့်အတူ ပူးတွဲ၍ မသန်စွမ်းသူများအား မျက်နှာမူသော ဉာဏ်ရည်တု (AI) လေ့ကျင့်ရေးဆရာ ဒေတာမှတ်သားခြင်း မွမ်းမံသင်တန်း ကျင်းပခဲ့ရာ ပထမအသုတ် ကန်းစုပြည်နယ် ဒေသအသီးသီးမှ လာရောက်ကြသော မသန်စွမ်းသူ သင်တန်းသားများအနက် ၁၉ ဦးမှာ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဌာန အသိအမှတ်ပြုသော ဉာဏ်ရည်တုလေ့ကျင့်ရေးဆရာဖြစ် ကျွမ်းကျင်အဆင့် အသိအမှတ်ပြု စာမေးပွဲအောင်မြင်ခဲ့ကြပြီး သက်ဆိုင်ရာအဆင့်အသိအမှတ်ပြုလက်မှတ်များ ရရှိခဲ့ကြသည်။
သင်တန်းသားအများစုသည် ကုမ္ပဏီလုပ်ငန်းများနှင့် အလုပ်အကိုင်သဘောတူစာချုပ်များ ချုပ်ဆို၍ လက်မှတ်ကိုင်ဆောင်ကာ ဒေတာမှတ်သားခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ရာ ဒစ်ဂျစ်တယ်အလုပ်အကိုင်သစ်သို့ တက်လှမ်းရေးအတွက် အချက်အချာကျသည့် ခြေလှမ်းကို လျှောက်လှမ်းလိုက်ပြီဖြစ်သည်။
ယခုနှစ်များတွင် ကန်းစုပြည်နယ်သည် မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိရေး၊ လုပ်ငန်းတည်ထောင်ရေး ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး သိပ္ပံနည်းပညာဖြင့် မသန်စွမ်းသူများအား ကူညီပံ့ပိုးရေးလှုပ်ရှားမှုများကို စဉ်ဆက်မပြတ် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။ “ဉာဏ်ရည်တုလေ့ကျင့်ရေးဆရာ” သည် အလုပ်အကိုင်အသစ်အနေဖြင့် နိုင်ငံတော်၏ အလုပ်အကိုင်အမျိုးအစားစာရင်းတွင် တရားဝင်ထည့်သွင်းပြီးနောက်ပိုင်း အဆင့်မြင့်ပညာကျောင်းများနှင့် တက်ကြွစွာ ချိတ်ဆက်ကာ ဉာဏ်ရည်တု စသည့် ဒစ်ဂျစ်တယ်နည်းပညာ မွမ်းမံလေ့ကျင့်ရေးကို မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းစွမ်းရည် လေ့ကျင့်မှုအစီအစဉ်တွင် ထည့်သွင်းခဲ့သည်။ ဉာဏ်ရည်တုထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်၏ အချက်အချာကွင်းဆက်ကို အာရုံစိုက်၍ မသန်စွမ်းသူများအတွက် ထိရောက်မှုရှိသော နည်းပညာစွမ်းရည်လေ့ကျင့်မှုများနှင့် လူမှုအသိုက်အဝန်း ပေါင်းစည်းလမ်းညွှန်ရေးကို လုပ်ဆောင်ခဲ့ရာ အလုပ်ရုံများနှင့် ကုမ္ပဏီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခြင်းမှတစ်ဆင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိရေး လမ်းကြောင်းသစ်များကို စဉ်ဆက်မပြတ် တိုးချဲ့ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ လန်ကျိုးမြို့ စိတ်နှလုံးချင်းဆက်နွှယ်သော လူမှုလုပ်ငန်းဝန်ဆောင်မှုစင်တာ မသန်စွမ်းသူများအလုပ်ရုံတွင် AI လေ့ကျင့်ရေးဆရာ ရွှီရှောင်ကန်း (ယာ) နှင့် လုပ်ဖော်ကိုင်ဖက်များ အလုပ်အကြောင်းဖလှယ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ လန်ကျိုးမြို့ စိတ်နှလုံးချင်းဆက်နွှယ်သော လူမှုလုပ်ငန်းဝန်ဆောင်မှုစင်တာ မသန်စွမ်းသူများအလုပ်ရုံတွင် ဒေတာမှတ်သားသည့်အလုပ် လုပ်ကိုင်နေကြသည့် ပထမအသုတ် အသိအမှတ်ပြုလက်မှတ်ရပြီး လုပ်ငန်းခွင်ဝင်နေကြသော AI လေ့ကျင့်ရေးဆရာများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




———————–
(Chinese Version)
甘肃首批残疾人AI训练师持证就业
新华社照片,兰州,2026年1月15日
近期,甘肃省残联与兰州市心连心社会工作服务中心联合高校共同举办面向残疾人的人工智能(AI)训练师数据标注培训班,首批来自甘肃各地的残疾人学员中,19人最终通过了人社部门承认的人工智能训练师职业等级认定考试,获得了相应等级证书。不少学员已与企业签订就业协议持证上岗,开始从事数据标注工作,迈出了进军数字新职业的关键一步。 近年来,甘肃省不断优化残疾人就业创业环境,持续推进科技助残行动,在“人工智能训练师”正式成为新职业并纳入国家职业分类目录后,积极对接高校将人工智能等数字技术培训纳入残疾人职业技能培训计划,聚焦人工智能产业链关键环节,为残疾人开展有针对性的技能培训和社会融入指导,通过就业工坊与企业签订合作协议,不断拓宽残疾人就业的新路径。
1. 在兰州市心连心社会工作服务中心残疾人就业工坊,AI训练师李为明(左)进行数据标注工作(1月14日摄)。新华社记者 陈斌 摄
2. 在兰州市心连心社会工作服务中心残疾人就业工坊,AI训练师许小刚(右)和同事交流工作方法(1月14日摄)。新华社记者 陈斌 摄
3. 首批持证上岗的AI训练师在兰州市心连心社会工作服务中心残疾人就业工坊进行数据标注工作(1月14日摄)。新华社记者 陈斌 摄
