Connect with us

China

တရုတ်နိုင်ငံ၏ ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံ Long March-12B က အရေးပါသော အင်ဂျင်စမ်းသပ်မှု ပြီးမြောက်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာအနီး တုန်းဖုန်း စီးပွားဖြစ်အာကာသဆန်းသစ်တီထွင်မှု စမ်းသပ်ဇုန်မှ စီးပွားဖြစ်ဒုံးပျံ ZQ-2E Y2 ကို ၂၀၂၅ ခုနှစ် မေ ၁၇ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံ Long March-12B ၏ အရေးပါသော အင်ဂျင်စမ်းသပ်မှုဖြစ်သည့် static firing test ကို ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ယင်းမှာ ၎င်း၏ လာမည့် ပျံသန်းရေး (ဂြိုဟ်တုလွှတ်တင်ရေး) မစ်ရှင်များအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ၎င်းဒုံးပျံကို တီထွင်သည့်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဒုံးပျံ static firing test ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တုန်းဖုန်း စီးပွားဖြစ်အာကာသဆန်းသစ်တီထွင်မှု စမ်းသပ်ဇုန်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းအောက်ရှိ စီးပွားဖြစ်ဒုံးပျံ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှ တီထွင်ထားသည့် အဆိုပါ Long March-12B သည် စီးပွားဖြစ် ကမ္ဘာ့ပတ်လမ်းနိမ့် ဂြိုဟ်တုအစုအဝေး ဖြန့်ကြက်ချထားမှုကို ပံ့ပိုးရန် ဒီဇိုင်းထုတ်ထားသည့် ပြန်လည်အသုံးပြုနိုင်သော မျိုးဆက်သစ်ဒုံးပျံတစ်ခုဖြစ်သည်။ ၎င်းတွင် အနိမ့်ပိုင်းကမ္ဘာဂြိုဟ်ပတ်လမ်းအနီးရှိ ဂြိုဟ်ပတ်လမ်းသို့ တန်ချိန် ၂၀ ဝန်တင်နိုင်စွမ်း ရှိသည်။
အဆိုပါဒုံးပျံ static firing test သည် ဒုံးပျံဒီဇိုင်း၏ အလုပ်ဖြစ်နိုင်ခြေနှင့် ယုံကြည်စိတ်ချရမှုကို အပြည့်အဝ ပြသခဲ့ပြီး နောက်ဆက်တွဲ ပျံသန်းရေးစမ်းသပ်မှုများအတွက် အထောက်အပံ့ပေးခဲ့သည်ဟု ကုမ္ပဏီက ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

………………
(English Version)
China’s reusable rocket Long March-12B completes firing test
BEIJING, Jan. 16 (Xinhua) — China’s reusable rocket Long March-12B completed a successful static firing test on Friday afternoon, marking a major step ahead of its upcoming flight missions, according to its developer.
The firing test took place at the Dongfeng commercial space innovation pilot zone in northwest China.
Developed by a commercial rocket manufacturing company under the China Aerospace Science and Technology Corporation, the Long March-12B is a new-generation reusable rocket designed to support the deployment of commercial low-Earth orbit satellite constellations. It boasts a payload capacity of 20 tonnes to near-Earth orbit.
The test fully demonstrated the feasibility and reliability of the rocket design, providing support for the subsequent flight tests, the company said. ■
English Caption
A commercial rocket coded ZQ-2E Y2 blasts off from the Dongfeng commercial space innovation pilot zone near the Jiuquan Satellite Launch Center in northwest China, May 17, 2025. (Photo by Wang Jiangbo/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.