China
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ ရိဝူးမြို့က စံချိန်တင်မြင့်မားသော နိုင်ငံခြားကုန်သွယ်မှုကို မြင်တွေ့ရ
ဟန်ကျိုး၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
“ကမ္ဘာ့စူပါမားကတ်” အဖြစ် လူသိများသော တရုတ်နိုင်ငံအရှေ့ပိုင်းမြို့ ရိဝူး၏ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၈၃၆.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၉.၃၇ ဘီလီယံ) ဖြင့် စံချိန်တင်မြင့်မားခဲ့ကြောင်း ရိဝူးအကောက်ခွန်ဌာနက ဇန်နဝါရီ ၁၇ ရက်၌ ကြေညာခဲ့သည်။
သွင်းကုန်တစ်ခုတည်းကပင် လွန်ခဲ့သည့်နှစ်က သိသိသာသာ တိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ၃၂.၃ ရာခိုင်နှုန်း မြင့်တက်လာကာ ယွမ် ၁၀၅.၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယင်းမှာ ယွမ် ၁၀၀ ဘီလီယံကို ပထမဆုံးအကြိမ် ကျော်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျဲ့ကျန်းပြည်နယ်၌ တည်ရှိသော ရိဝူးမြို့သည် တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်ရေး ကြိုးပမ်းမှုများတွင် တက်ကြွသောဗဟိုချက်တစ်ခု ဖြစ်လာခဲ့သည်။ ရိဝူးနိုင်ငံတကာကုန်သွယ်ရေးဈေးကွက်တွင် ကုန်စည်အမျိုးအစား ၂.၁ သန်းကျော် ပမာဏရှိသည့် ပြခန်းပေါင်း ၈၀,၀၀၀ နီးပါးရှိပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၂၃၃ ခုနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
ရိဝူး (စူးရှီး) နိုင်ငံတကာဆိပ်ကမ်းနှင့် ရိဝူးကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးစင်တာတို့ နှစ်ခုလုံးကို ၂၀၂၅ ခုနှစ်၌ စတင်ဖွင့်လှစ်ခြင်းက ရိဝူးမြို့၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေးဂေဟစနစ်ကို ပိုမိုကျယ်ပြန့်စေပြီး အသေးစားကုန်စည်များကို ကမ္ဘာ့ဈေးကွက်များသို့ ယခင်ကထက် ပိုမိုမြန်ဆန်စွာ ရောက်ရှိစေကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
China’s Yiwu witnesses record-high foreign trade in 2025
HANGZHOU, Jan. 17 (Xinhua) — Yiwu, the eastern Chinese city known as “the world’s supermarket,” saw its foreign trade value reach a record high of 836.5 billion yuan (119.37 billion U.S. dollars) in 2025, Yiwu Customs announced on Saturday.
Imports alone grew remarkably last year, rising 32.3 percent year on year to 105.8 billion yuan and crossing the 100-billion-yuan threshold for the first time.
Located in Zhejiang Province, Yiwu has long been a dynamic hub in China’s opening-up endeavors. The Yiwu International Trade Market houses nearly 80,000 booths offering over 2.1 million types of commodities, and maintains trade ties with 233 countries and regions worldwide.
The launches of both the Yiwu (Suxi) international port and the Yiwu Global Digital Trade Center in 2025 have further expanded the city’s logistics and digital trade ecosystem, enabling small commodities to reach global markets faster than ever. ■
English Caption
Foreign buyers communicate with a merchant and record purchasing information at Yiwu International Trade Market in Yiwu, east China’s Zhejiang Provence, May 16, 2025. (Xinhua/Chen Shuo)
