China
တရုတ်တင်းနစ်မယ် ဝမ်က သြစတြေးလျအိုးပင်း ဒုတိယအဆင့်သို့ အားမာန်အပြည့်ဖြင့်တက်ရောက်
မဲလ်ဘုန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီက ခြေစစ်ပွဲဝင် Anhelina Kalinina အား ဇန်နဝါရီ ၂၀ ရက်၌ ဆက်တိုက်အနိုင်ရရှိခြင်းဖြင့် အဆိုပါပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံးကစားသမားအဖြစ် ၎င်း၏ အခြေအနေကို ထင်ရှားပေါ်လွင်စေခဲ့သည်။
ကမ္ဘာ့အဆင့် ၄၆ နေရာ၌ရှိသော ဝမ်က ၁ နာရီနှင့် ၃၃ မိနစ်ကြာမြင့်ခဲ့ပြီး ရမှတ် ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည့် ထိုပထမအဆင့်ကစားပွဲတွင် ace ရိုက်ချက် (စပေးဘောမှ အမှတ်ရယူနိုင်သည့် ရိုက်ချက်) ၁၀ ချက် ရိုက်နိုင်ခဲ့သည်။
ဝမ်က ဒုတိယအဆင့်တွင် ပြင်သစ်အိုးပင်းချန်ပီယံဟောင်း Jelena Ostapenko သို့မဟုတ် Rebecca Sramkova နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဝမ်က ဂရင်းဆလမ်ပြိုင်ပွဲတစ်ခု၌ စတုတ္ထအဆင့်ကို ကျော်လွန်ရန် ကြိုးပမ်းနေရဆဲဖြစ်သည်။
နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ ယခုလအစောပိုင်းက ကျင်းပသည့် ASB Classic တင်းနစ်ပြိုင်ပွဲ၌မူ ဝမ်က ၎င်း၏ ကစားသမားဘဝတစ်လျှောက် ဒုတိယမြောက် ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သော်လည်း Elina Svitolina ကို ရှုံးနိမ့်ပြီးနောက် ယခုကဲ့သို့ မဲလ်ဘုန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၂၀၂၆ ခုနှစ် သြစတြေးလျအိုးပင်း ပထမအဆင့်ပွဲစဉ်၌ ဝမ်က အဖွင့်ပွဲငယ်ကို အားကောင်းသော serving နှင့် ၁၁ ကြိမ် အနိုင်ရခြင်းဖြင့် ထိန်းချုပ်ခဲ့သည်။ ၎င်း၏အသက်မွေးဝမ်းကျောင်း၌ အမြင့်ဆုံးအဆင့် ၂၅ နေရာသို့ ၂၀၂၃ ခုနှစ်က ရောက်ရှိခဲ့သော Kalinina ကလည်း ဒုတိယပွဲငယ်တွင် အစောပိုင်း၌ ခံစစ်ကောင်းကောင်းဖြင့် ကစားနိုင်ခဲ့ပြီး ဝမ်ကမူ ဘယ်ဘက်လက်ဖျံတွင် ပတ်တီးပတ်၍ ကစားခဲ့ရသည်။
ထို့နောက် ဝမ်က ပွဲစဉ်ကို အဆုံးသတ်ရန် ငါးပွဲဆက်တိုက် အနိုင်ရခဲ့ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
China’s Wang storms into Australian Open 2nd round
MELBOURNE, Jan. 20 (Xinhua) — Wang Xinyu underlined her status as China’s highest-ranked player at the Australian Open with a straight-set victory over qualifier Anhelina Kalinina on Tuesday.
Ranked 46th in the world, Wang hit 10 aces in a 6-3, 6-3 first-round victory in one hour and 33 minutes.
Wang will play former French Open champion Jelena Ostapenko or Rebecca Sramkova in the second round.
The 24-year-old has yet to advance beyond the fourth round at a Grand Slam.
Wang arrived in Melbourne after reaching the second final of her career earlier this month, when she lost to Elina Svitolina in Auckland.
She controlled the opening set with strong serving and 11 winners. Kalinina, who reached a career-high ranking of 25th in 2023, mounted early resistance in the second set, with Wang wearing strapping on her left forearm.
Wang then won five straight games to close out the match. ■
English Caption
Wang Xinyu hits a return during the women’s singles first round match between Wang Xinyu of China and Karolina Muchova of the Czech Republic at the Wimbledon Tennis Championships in London, Britain, July 1, 2025. (Xinhua/Li Ying)
