Connect with us

China

တရုတ်နိုင်ငံက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ပံ့ပိုးရန် ယွမ် ဘီလီယံ ၅၀၀ အာမခံအစီအစဉ် စတင်မည်

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဲ့အယ်တောစစ်မြို့ တုန်းစိန့်ခရိုင်၏ အစိုးရဝန်ဆောင်မှုဌာန၌ ပုဂ္ဂလိကလုပ်ငန်းများနှင့် စပ်လျဥ်း၍ လုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်အစိုးရသည် အသေးစား၊ အငယ်စားနှင့် အလတ်စား ပုဂ္ဂလိကလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို ပံ့ပိုးရန်အတွက် စုစုပေါင်း ယွမ် ဘီလီယံ ၅၀၀ (အမေရိကန်ဒေါ်လာ ၇၁.၄၂ ဘီလီယံခန့်) တန်ဖိုးရှိ အထူးအာမခံအစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်က ကြေညာခဲ့သည်။
အဆိုပါအစီအစဉ်ကို အမျိုးသားငွေကြေးအာမခံရန်ပုံငွေမှတစ်ဆင့် နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းအစီအစဉ်တွင် အလတ်စားနှင့် ရေရှည်ချေးငွေများသာမက စက်ရုံတိုးချဲ့ခြင်း၊ ဆိုင်ပြန်လည်ပြုပြင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ငွေကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် သက်ဆိုင်သည့် ငွေကြေးလိုအပ်ချက်များပါ အကျုံးဝင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် ဌာနအများအပြားမှ ပူးတွဲထုတ်ပြန်သော အသိပေးချက်တစ်ခုအရ သိရသည်။ (Xinhua)

………………
(English Version)
China to launch 500-bln-yuan guarantee program to support private investment
BEIJING, Jan. 20 (Xinhua) — The Chinese government on Tuesday announced a special guarantee program with a total scale of 500 billion yuan (about 71.42 billion U.S. dollars) to support investment by micro, small and medium-sized private enterprises.
The program, implemented through the National Financing Guarantee Fund over a two-year period, will cover not only medium- and long-term loans, but financing needs related to daily operations, such as factory expansion, shop renovations and working capital, according to a notice jointly released by several departments including the Ministry of Finance. ■
English Caption
Staff members handle businesses related to private enterprises at the government service center of Dongsheng District in Ordos City, north China’s Inner Mongolia Autonomous Region, April 16, 2025. (Xinhua/Li Zhipeng)