Connect with us

China

တရုတ်တပ်မတော်က ဟွမ်ရန်သောင် လေပိုင်နက်ထဲသို့ ကျူးကျော်လာသည့် ဖိလစ်ပိုင်လေယာဉ်အား မောင်းထုတ်ခဲ့ဟု ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံပိုင် ဟွမ်ရန်သောင် ရေပိုင်နက်အတွင်း ကင်းလှည့်နေသည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) ရေယာဉ်တစ်စင်းပေါ်မှ ဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်နေသူများအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဒရုန်းဖြင့်ရိုက်ကူးထားသော ဝေဟင်ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပိုင် ဟွမ်ရန်သောင် လေပိုင်နက်ထဲသို့ တရုတ်နိုင်ငံအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ကျူးကျော်ဝင်ရောက်လာသည့် ဖိလစ်ပိုင်အစိုးရ လေယာဉ်တစ်စင်းအား တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ဇန်နဝါရီ ၂၀ ရက်၌ မောင်းထုတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
PLA တောင်ပိုင်းစစ်‌ဒေသကြီးက စေလွှတ်ခဲ့သည့် ရေတပ်နှင့် လေတပ်တို့က ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆိုပါ ဖိလစ်ပိုင်လေယာဉ်အား သတိပေးကာ မောင်းထုတ်ခဲ့သည်ဟု ယင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ လေတပ်အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အကြီးအကျယ် ထိပါးနေသကဲ့သို့ တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကိုသာမက နိုင်ငံတကာဥပဒေကိုလည်း ဆိုးရွားစွာ ချိုးဖောက်နေခြင်းဖြစ်သည်ဟု ထျန်က ပြောသည်။
“ဟွမ်ရန်သောင်ဟာ တရုတ်နိုင်ငံရဲ့ မူလရှိရင်းစွဲ ပိုင်နက်နယ်မြေပါ။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အခွင့်အရေးတွေကို ထိပါးချိုးဖောက်၊ ရန်စနေတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ တာဝန်မဲ့စွာ အလွန်အကြူး ချဲ့ကားပြောဆိုမှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

……………..
(English Version)
Chinese military expels intruding Philippine aircraft from territorial airspace over Huangyan Dao: spokesperson
BEIJING, Jan. 20 (Xinhua) — The Chinese People’s Liberation Army (PLA) on Tuesday expelled a Philippine government aircraft that illegally intruded into the territorial airspace over China’s Huangyan Dao without the approval of the Chinese government, a spokesperson said.
Air Force Senior Colonel Tian Junli, spokesperson for the PLA Southern Theater Command, said that the naval and air forces dispatched by the theater command warned and expelled the Philippine aircraft in accordance with law and regulations.
The Philippine action has severely infringed upon China’s sovereignty and gravely violated the relevant provisions of Chinese law and international law, Tian said.
“Huangyan Dao is China’s inherent territory. We urge the Philippine side to stop immediately infringing upon China’s rights, making provocations and to cease irresponsible hype,” the spokesperson added.
English Caption
This aerial drone photo taken on Nov. 14, 2025 shows law enforcers of the China Coast Guard (CCG) vessel Huangyan conducting a patrol in the territorial waters of China’s Huangyan Dao. (Xinhua/Bei He)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.