Connect with us

China

အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲတွင် တရုတ်အသင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တရုတ်အသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ ဂိုးသွင်းပြီးနောက် တရုတ်အသင်းမှ ဖုန်ရှောက် (ဝဲ-ဒုတိယ၊ ရှေ့) အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဂျက်ဒါ၊ ဆော်ဒီအာရေဗျ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ဇန်နဝါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တရုတ်အသင်းက ဗီယက်နမ်အသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

ယခုအနိုင်ရလဒ်မှာ ယခင်ပြိုင်ပွဲ ငါးကြိမ်စလုံးတွင် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိသည့် တရုတ်အသင်းအတွက် သမိုင်းဝင် ခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။
အုပ်စု-A ပထမအသင်းအဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်လာသည့် ဗီယက်နမ်အသင်းမှာ လေးပွဲကစားရာတွင် ရှစ်ဂိုးသွင်းယူထားပြီး ဂျပန်အသင်း၏နောက် ဒုတိယသွင်းဂိုးအများဆုံး အသင်းဖြစ်သည်။ တရုတ်အသင်းမှာမူ ကွာတားဖိုင်နယ်အဆင့်အထိ သွင်းဂိုးတစ်ဂိုးသာ သွင်းယူထားသော်လည်း ပြိုင်ပွဲတစ်လျှောက်လုံးတွင် ‌ပေးဂိုးလုံးဝမရှိအောင် ကစားနိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် တရုတ်အသင်းက ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီးနောက် ဂိုးကန်သွင်းမှု ၁၆ ကြိမ်တွင် ၇ ကြိမ် ဂိုးပေါက်တည့်ခဲ့သည်။ ပွဲချိန် ၄၇ မိနစ်တွင် နောက်ခံလူ ဖုန်ရှောက်က ခေါင်းတိုက်၍ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ငါးမိနစ်အကြာတွင် ရှန့်ယွီဝမ့်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ထို့အတူ နာကျင်အချိန်ပိုတွင် ဝမ်ယွိတုန့်က အနီးကပ်ပိတ်သွင်း၍ ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။
ဖုန်မှာ ပွဲချိန် ၇၃ မိနစ်တွင် ဂိုးထပ်မံသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံနေစဉ် ဗီယက်နမ်အသင်းမှ လေဒုဖမ်က တရုတ်အသင်းတိုက်စစ်မှူး ပိုက်ဟယ်လားမုကို လက်တုံ့ပြန်ခဲ့သဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက် အဆိုပါသွင်းဂိုးအား VAR ပြန်လည်ကြည့်ရှုရာတွင် လူကျွံနေသည့်အတွက် ဂိုးအဖြစ်မှပယ်ဖျက်ခံခဲ့ရသည်။

တရုတ်အသင်းဂိုးသမား လီဟောက်ကလည်း တောက်လျှောက်လက်စွမ်းပြနိုင်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်တွင် ဗီယက်နမ်အသင်းမှ ဗန်ခန်ကွက်၏ ဖရီးကစ်ကန်ချက်ကို ကာကွယ်နိုင်ခဲ့သလို နာကျင်အချိန်ပိုတွင်လည်း ဗီယက်နမ်အသင်း၏ ဂိုးသွင်းခွင့်များကို တားဆီးနိုင်ခဲ့သည်။
တရုတ်အသင်းအနေဖြင့် ဇန်နဝါရီ ၂၄ ရက်တွင် လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တရုတ်အသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်အသင်းမှ ရှန့်ယွီဝမ့် (ဝဲ-ပထမ) ဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တရုတ်အသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ အေအက်ဖ်စီ ယူ-၂၃ အာရှဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်အသင်းမှ ဝမ်ပေါ်ဟောက် (ယာ) နှင့် ဗီယက်နမ်အသင်းမှ ထန်ညန်ငုယင်တို့၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
China reaches AFC U23 Asian Cup final for the first time
JEDDAH, Saudi Arabia, Jan. 20 (Xinhua) — China reached the final of the AFC U23 Asian Cup for the first time after defeating Vietnam 3-0 in the semifinals in Jeddah, Saudi Arabia on Tuesday.
The victory marks a historic step forward for China in the tournament, who had failed to advance from the group stage in any of their five prior attempts.
Vietnam reached the knockout stage as Group A winner, scoring eight goals in four matches, second only to Japan. China scored once since the quarterfinal but has kept a clean sheet throughout the tournament.
After making several changes to the starting lineup, China put seven of its 16 shots on target. Defender Peng Xiao broke the deadlock in the 47th minute with a header, before Xiang Yuwang doubled the lead five minutes later. Wang Yudong sealed the victory with a close-range finish in stoppage time.
Peng appeared to score again in the 73rd minute, and Vietnam’s Ly Duc Pham was sent off for a retaliatory action against China forward Baihelamu as Peng celebrated. The goal was later ruled out for offside after a VAR review.
Goalkeeper Li Hao continued his strong form for China, saving a free kick from Vietnam’s Van Khang Khuat in the 24th minute and denying several chances in stoppage time.
China will face defending champion Japan in the final on Saturday.
English Caption 1
Peng Xiao (front 2nd L) of China celebrates after scoring during the 2026 AFC U23 Asian Cup semifinal match between China and Vietnam in Jeddah, Saudi Arabia, Jan. 20, 2026. (Xinhua/Wang Haizhou)
English Caption 2
Xiang Yuwang (1st L) of China shoots to score during the 2026 AFC U23 Asian Cup semifinal match between China and Vietnam in Jeddah, Saudi Arabia, Jan. 20, 2026. (Xinhua/Wang Haizhou)
English Caption 3
Wang Bohao (R) of China vies with Thanh Nhan Nguyen of Vietnam during the 2026 AFC U23 Asian Cup semifinal match between China and Vietnam in Jeddah, Saudi Arabia, Jan. 20, 2026. (Xinhua/Wang Haizhou)