Connect with us

China

ပါကစ္စတန်နိုင်ငံရှိ ဈေးဝယ်စင်တာမီးလောင်မှုတွင် ထိခိုက်သေဆုံးသူများအတွက် တရုတ်နိုင်ငံက လွန်စွာဝမ်းနည်းကြောင်း ဖော်ပြ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ ဈေးဝယ်စင်တာ၌ မီးလောင်မှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည့် ကယ်ဆယ်ရေးသမားများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုတွင် ထိခိုက်သေဆုံးသူများအတွက် တရုတ်နိုင်ငံက လွန်စွာဝမ်းနည်းမိပါကြောင်းနှင့် မိသားစုဝင်ဆုံးရှုံးခဲ့ရသော မိသားစုများနှင့် ဒဏ်ရာရရှိသူများကိုလည်း စာနာနှစ်သိမ့်ပါကြောင်း ဖော်ပြခဲ့သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါဒဏ်ရာရရှိသူများ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ကောက ထိုနေ့က သတင်းစာရှင်းလင်းပွဲ၌ ဆုတောင်းပေးခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ တောင်ပိုင်းဆိပ်ကမ်းမြို့ ကရာချိတွင် အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူဦးရေမှာ ယင်းဈေးဝယ်စင်တာ၏ ဆိုင်တစ်ဆိုင်မှ ရုပ်အလောင်း ၃၀ ထက်မနည်းကို ရှာဖွေတွေ့ရှိပြီးနောက် လူ ၆၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံအရာရှိများ၏ ဇန်နဝါရီ ၂၁ ရက်၌ ပြောကြားချက်အရ သိရသည်။ (Xinhua)

……………….
(English Version)
China expresses deep condolences to victims of Pakistan’s mall fire: FM spokesperson
BEIJING, Jan. 22 (Xinhua) — China expressed deep condolences to victims of a shopping mall fire in Pakistan’s Karachi and sympathies to the bereaved families and the injured, according to Chinese Foreign Ministry spokesperson Guo Jiakun on Thursday.
Guo wished the injured a speedy recovery at a news briefing.
The death toll from the fire in Pakistan’s southern port city of Karachi had climbed to 60 after at least 30 bodies were recovered from a shop of the multi-storey building, local officials said on Wednesday. ■
English Caption
Rescuers work at the fire site at a shopping mall in Karachi, Pakistan, on Jan. 19, 2026. (Str/Xinhua)