Connect with us

China

စစ်ဘက်ရေးရာ သဘောတရား လုပ်ငန်းစဉ်ဆိုင်ရာ စည်းမျဉ်းများ စတင်အာဏာသက်ရောက်စေသည့် အမိန့်ကြေညာချက်ကို သမ္မတရှီ လက်မှတ်ရေးထိုး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ပါတီသင်တန်းကျောင်း (အမျိုးသားစီမံခန့်ခွဲရေး အကယ်ဒမီ) တွင် ကျင်းပသည့် လေ့လာဆန်းစစ်မှု အစည်းအဝေးအဖွင့်၌ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စစ်ဘက်ရေးရာ သဘောတရား လုပ်ငန်းစဉ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ စတင်အာဏာသက်ရောက်စေသည့် အမိန့်ကြေညာချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မတ် ၁ ရက်တွင် စတင်အသက်ဝင်မည့် အဆိုပါ စည်းမျဉ်းစည်းကမ်းများမှာ စစ်ဘက်ရေးရာ သဘောတရား ခေတ်မီအသွင်ပြောင်းရေးအား အရှိန်မြှင့်လုပ်ဆောင်ရေး၊ စစ်ဘက်ရေးရာ သဘောတရား ဆန်းသစ်ပြောင်းလဲမှုအတွက် ထိပ်တန်းအဆင့် ယန္တရား ပြည့်စုံကောင်းမွန်ရေး၊ စစ်ဘက်ရေးရာ သဘောတရားနှင့် စပ်လျဉ်း၍ သုတေသနပြုခြင်းနှင့် အခြားကိစ္စရပ်များအတွက် စံနမူနာများ အဆင့်မြှင့်တင်ရေးတို့ကို အဓိကအ‌လေးထားခြင်းဖြစ်သည်။

အဆိုပါ စည်းမျဉ်းစည်းကမ်းများမှာ စစ်ဘက်ရေးရာ သဘောတရားနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်အတွက် စီမံခန့်ခွဲမှုစနစ်အား စံသတ်မှတ်ခြင်း၊ စစ်ဘက်ရေးရာ သဘောတရား တိုးတက်ကောင်းမွန်ရေး မဟာဗျူဟာ၊ စီမံကိန်းနှင့် နှစ်အလိုက် စီမံချက်များ ဖော်ဆောင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စုစည်းထုတ်ပြန်ခြင်းတို့အပြင် စစ်ဘက်ရေးရာ သဘောတရားရလဒ်များအပေါ် မှတ်တမ်းတင်ခြင်းနှင့် မျှဝေခြင်း၊ အကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုခြင်း၊ အထောက်အကူပြုခြင်းနှင့် လက်တွေ့အသုံးချခြင်း၊ ပြန်လည်ခြေရာကောက်ကာ ဆန်းစစ်အကဲဖြတ်ခြင်းတို့အတွက် အစီအမံများနှင့် ပြဋ္ဌာန်းချက်များအား ရှင်းလင်းဖော်ပြခြင်းတို့လည်း ပါဝင်လျက်ရှိသည်။

ယင်းစည်းမျဉ်းများတွင် အခန်း ၇ ခန်းနှင့် အပိုဒ်ခွဲ ၅၂ ခု ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Xi signs order to promulgate regulations on military theory work
BEIJING, Jan. 22 (Xinhua) — Xi Jinping, chairman of the Central Military Commission, has signed an order to promulgate regulations on work related to military theory.
The regulations, which will take effect on March 1, focus on accelerating the modernization of military theory, optimizing the top-level design for innovation in military theory, improving the model for military theory research and other issues.
The regulations also standardize the management system for military theory work; specify the main contents, compilation and release procedures of military theoretical development strategy, development planning and annual plans; and clarify measures and requirements for the registration and sharing, evaluation and recognition, promotion and application, and retrospective assessment of military theoretical achievements.
The regulations comprise seven chapters and 52 articles.
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, addresses the opening of a study session at the Party School of the CPC Central Committee (National Academy of Governance) for principal officials at the provincial and ministerial level, Jan. 20, 2026. (Xinhua/Xie Huanchi)