China
တရုတ်နိုင်ငံက ဖင်လန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂဗဟိုပြုသော နိုင်ငံတကာစနစ်ကို ထိန်းသိမ်းရန်အသင့်ရှိဟု သမ္မတ ရှီ ပြော
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂကို ဗဟိုပြုပြီး နိုင်ငံတကာဥပဒေကို အခြေခံထားသည့် နိုင်ငံတကာစည်းစနစ်ဖြင့် အပြည်ပြည်ဆိုင်ရာစနစ်ကို အခိုင်အမာထိန်းသိမ်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပူးတွဲတုံ့ပြန်ရန် ဖင်လန်နိုင်ငံနှင့်အတူ အသင့်ရှိကြောင်း ဇန်နဝါရီ ၂၇ ရက်၌ ပြောကြားခဲ့သည်။
ရှီက တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် ပတ်တာရီ အော်ပိုနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ဖင်လန်နိုင်ငံနှင့်အတူ သာတူညီမျှရှိ၍ စနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာ၊ အများအတွက် အကျိုးပြု၍ အားလုံးပါဝင်မှုရှိသော ဂလိုဘယ်လိုက်ဇေးရှင်းကို မြှင့်တင်ရေးအတွက် ဆောင်ရွက်လိုကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xi says China ready to uphold UN-centered int’l system with Finland
BEIJING, Jan. 27 (Xinhua) — Chinese President Xi Jinping on Tuesday expressed the readiness to work with Finland to firmly uphold the international system with the United Nations at its core and the international order based on international law, to jointly respond to global challenges.
Xi made the remarks when meeting with Finnish Prime Minister Petteri Orpo, who is on an official visit to China.
Xi also said China is willing to work with Finland to promote an equitable and orderly multipolar world as well as a universally beneficial and inclusive economic globalization.
Photo: Chinese President Xi Jinping meets with Finnish Prime Minister Petteri Orpo, who is on an official visit to China, at the Great Hall of the People in Beijing, capital of China, Jan. 27, 2026. (Xinhua/Liu Bin)
