Connect with us

China

ဟောင်ကောင်၏ ကုန်စည်တင်ပို့မှု ၂၀၂၅ ခုနှစ်တွင် စံချိန်တင် မြင့်မား

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ‌ဒေသ၏ ကုန်တင်‌သေတ္တာဆိပ်ကမ်းတစ်ခုကို ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်၏ စုစုပေါင်း ပို့ကုန်သွင်းကုန်တန်ဖိုးများမှာ ဂဏန်းနှစ်လုံးတိုးတက်မှု စံချိန်တင်ခဲ့ပြီး စုစုပေါင်း တင်ပို့မှုတန်ဖိုးအနေဖြင့်လည်း သမိုင်းဝင် အမြင့်ဆုံးအထိ ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက ဇန်နဝါရီ ၂၇ ရက်၌ ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် စုစုပေါင်း ကုန်စည်တင်ပို့မှုတန်ဖိုးအနေဖြင့် ၂၀၂၄ ခုနှစ်ကထက် ၁၅.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ထိုကာလအတွင်း ကုန်စည်တင်သွင်းမှုတန်ဖိုးကလည်း ၁၅.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း HKSAR အစိုးရ၏ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန၏ အဆိုအရ သိရသည်။
၂၀၂၅ ခုနှစ်တွင် ကုန်စည်တင်သွင်းမှုတန်ဖိုး၏ ၇.၉ ရာခိုင်နှုန်းနှင့် ညီမျှသည့် မြင်သာသော ကုန်သွယ်မှုလိုငွေပြမှုမှာ ဟောင်ကောင်ဒေါ်လာ ၄၄၆.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇.၂၆ ဘီလီယံခန့်) ရှိခဲ့ကြောင်း ၎င်းဌာနက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်ကို ရာသီအလိုက် ချိန်ညှိထားသော အခြေခံဖြင့် ယင်းနှစ်တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ကုန်စည်တင်ပို့မှုတန်ဖိုးမှာ ၅.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကုန်စည်တင်သွင်းမှုတန်ဖိုးမှာ ၆.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် ကုန်စည်တင်ပို့မှုတန်ဖိုးသည် ၁၅.၄ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာပြီး ဟောင်ကောင်ဒေါ်လာ ၅,၂၄၀.၃ ဘီလီယံအထိ ရောက်ရှိခဲ့ကာ သမိုင်းဝင် အမြင့်ဆုံးတန်ဖိုးဖြစ်ကြောင်း HKSAR အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရှေ့သို့မျှော်ကြည့်ပါလျှင် ကမ္ဘာ့စီးပွားရေး အလယ်အလတ်အဆင့်ဖြင့် တည်ငြိမ်စွာ ဆက်လက်တိုးချဲ့လာခြင်း၊ ဈေးကွက်အသစ်များနှင့် ကုန်သွယ်စီးပွားရေး ဆက်ဆံရေး မြှင့်တင်လာခြင်း၊ AI နည်းပညာအသုံးပြုထားသည့် အီလက်ထရောနစ် ဆက်စပ်ထုတ်ကုန်များအတွက် ကမ္ဘာတစ်ဝန်းတွင် ခိုင်မာသော ဝယ်လိုအားတို့က ဟောင်ကောင်၏ ကုန်စည်ကုန်သွယ်မှု စွမ်းဆောင်ရည်ကို တိုးတက်အောင် ပံ့ပိုးပေးမည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Hong Kong’s goods exports hit record high in 2025
HONG KONG, Jan. 27 (Xinhua) — In 2025, Hong Kong’s total export and import values both recorded double-digit growth, with total export value reaching a historical high, China’s Hong Kong Special Administrative Region (HKSAR) government said on Tuesday.
According to the Census and Statistics Department of the HKSAR government, in 2025, the value of total exports of goods increased by 15.4 percent over 2024. Concurrently, the value of imports of goods increased by 15.5 percent.
A visible trade deficit of 446.6 billion HK dollars (about 57.26 billion U.S. dollars), equivalent to 7.9 percent of the value of imports of goods, was recorded in 2025, the department said.
Comparing the fourth quarter of 2025 with the preceding quarter on a seasonally adjusted basis, the value of total exports of goods increased by 5.2 percent. Meanwhile, the value of imports of goods increased by 6.7 percent.
A spokesperson for the HKSAR government said that for 2025 as a whole, the value of merchandise exports rose visibly by 15.4 percent to 5,240.3 billion HK dollars, a historical high.
Looking ahead, sustained moderate expansion of the global economy, enhanced economic and trade ties with new markets, coupled with strong demand worldwide for AI-enabled electronic-related products, will support Hong Kong’s merchandise trade performance, the spokesperson said. ■
English Caption
This photo shows a view of a container terminal of Hong Kong, south China, May 22, 2025.(Xinhua/Chen Duo)