China
တရုတ်နိုင်ငံက နွေဦးပွဲတော်မတိုင်မီ သုံးစွဲမှုမြှင့်တင်ရန် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကမ်ပိန်း စတင်
ပေကျင်း၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နွေဦးပွဲတော်နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံက တစ်လကြာ ယဉ်ကျေးမှုဆိုင်ရာနှင့် ခရီးသွားလုပ်ငန်းလှုံ့ဆောင်မှု (ကမ်ပိန်း) ကို ဇန်နဝါရီ ၂၉ ရက်၌ စတင်ခဲ့ပြီး ယင်းကမ်ပိန်းတွင် ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန် များပြားလှသော အစီအစဉ်မျိုးစုံနှင့် ပရိုမိုးရှင်းအစီအမံများ ပါဝင်ကြောင်း သိရသည်။
ဇန်နဝါရီလနှောင်းပိုင်းမှ မတ်လဆန်းအထိ ကျင်းပမည့် အဆိုပါကမ်ပိန်းအရ နိုင်ငံတစ်ဝန်း အစီအစဉ်ပေါင်း ၃၀,၀၀၀ ခန့် ကျင်းပသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ရာသီအလိုက် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းထုတ်ကုန်များနှင့် ရိုးရာနှစ်သစ်ကူးဓလေ့ထုံးစံများ၊ ဖျော်ဖြေပွဲများနှင့် ပြပွဲများကို အဓိကထားသည့် ပွဲလမ်းသဘင်အခမ်းအနားများ ပါဝင်မည်ဖြစ်သည်။
ယွမ် သန်း ၃၆၀ ကျော် (အမေရိကန်ဒေါ်လာ ၅၁.၆ သန်းခန့်) တန်ဖိုးရှိ သုံးစွဲမှုဘောက်ချာများနှင့်အတူ ထောက်ပံ့ကြေးများကို လက်မှတ်လျှော့စျေးများ၊ အဖွဲ့လိုက်လက်မှတ်ဝယ်ယူမှု ခံစားခွင့်များနှင့် ဒေသအနှံ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးများကဲ့သို့သော အစီအမံများနှင့်အတူ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကမ်ပိန်းကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့၌ စတင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)






……………….
(English Version)
China launches cultural, tourism campaign to spur consumption ahead of Spring Festival
BEIJING, Jan. 29 (Xinhua) — As the Spring Festival nears, China on Thursday launched a month-long cultural and tourism campaign, featuring a wide range of activities and promotional measures to better meet people’s needs.
Running from late January to early March, the campaign will see about 30,000 activities held nationwide, offering seasonal cultural and tourism products and events focused on traditional New Year customs, performances, and exhibitions.
More than 360 million yuan (about 51.6 million U.S. dollars) in consumption vouchers and subsidies will be distributed, alongside measures such as ticket discounts, bundled ticket incentives, and cross-regional tourism promotions.
The campaign was launched in Quanzhou, east China’s Fujian Province, by the Ministry of Culture and Tourism. ■
English Caption
This photo taken on Jan. 7, 2025 shows a parade performance of intangible cultural heritage in Langzhong ancient town of Langzhong City, southwest China’s Sichuan Province. (Xinhua/Xu Bingjie)
