China
တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုကွင်းဆက်ပြစ်မှုများမှ လူ ၁၁ ဦးကို သေဒဏ်စီရင်ကွပ်မျက်
ဟန်ကျိုး၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လုပ်ကိုင်နေသော ဆက်သွယ်ရေးလိမ်လည်မှုကွင်းဆက်များ၌ အဓိကပါဝင်သူများ အပါအဝင် ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် ၁၁ ဦးကို သေဒဏ်စီရင်ကွပ်မျက်လိုက်ကြောင်း သိရသည်။
အဆိုပါ ၁၁ ဦးသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးမြို့ရှိ တရားရုံးက ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိနာကျင်စေမှု၊ တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှု၊ လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ တည်ထောင်လုပ်ကိုင်မှု စသည်တို့အပါအဝင် ပြစ်မှုများအတွက် ၂၀၂၅ ခုနှစ် စက်တင်ဘာလက ပထမဆုံး သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။
၎င်းတို့က တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့သော်လည်း ကျဲ့ကျန်းပြည်နယ် အဆင့်မြင့်ပြည်သူ့တရားရုံးက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ၌ ပယ်ချခဲ့ပြီး မူလတရားစီရင်ဆုံးဖြတ်ချက်ကိုပင် အတည်ပြုခဲ့ကာ တရားဥပဒေအရ လိုအပ်သည်အတိုင်း သုံးသပ်ဆောင်ရွက်ရန် ပြည်သူ့တရားရုံးချုပ် (SPC) ထံ တင်သွင်းခဲ့သည်။
နောက်ပိုင်းတွင် ပြည်သူ့တရားရုံးချုပ် (SPC) က သေဒဏ်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ပြန်လည်သုံးသပ်ချက်အရ ထိပ်တန်းတရားရုံးက ၂၀၁၅ ခုနှစ်မှစ၍ ထိုသို့ပြစ်မှုတရားခံများမှာ ဆက်သွယ်ရေးလိမ်လည်မှု လုပ်ဆောင်ရန်၊ တရားမဝင် လောင်းကစားခြံများ လည်ပတ်ရန်နှင့် အခြားပြစ်မှုများ ကျူးလွန်ရန် မြန်မာနိုင်ငံ၌ အခြေစိုက်လုပ်ငန်းများ လည်ပတ်ရေးအခြေစိုက်နေရာများစွာ တည်ထောင်ခဲ့ကြကြောင်းကို အတည်ပြုခဲ့သည်။
SPC ထုတ်ပြန်ချက်အရ လိမ်လည်မှုနှင့် လောင်းကစားမှုများ၌ ပါဝင်သော ငွေကြေးများမှာ ယွမ် ၁၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံခန့်) ရှိခဲ့ကြောင်း သိရသည်။ ထိုရာဇဝတ်ဂိုဏ်းများသည် လိမ်လည်မှုတွင် ပါဝင်သူများကို ရည်ရွယ်ချက်ရှိရှိလူသတ်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် တရားမဝင် ချုပ်နှောင်ဖမ်းဆီးခြင်း ပြစ်မှုများကျူးလွန်ခဲ့ရာ တရုတ်နိုင်ငံသား ၁၄ ဦးသေဆုံးခဲ့ရပြီး အခြားသူများကိုလည်း ဒဏ်ရာရစေခဲ့ကြောင်း သိရသည်။
SPC ထံမှ အတည်ပြုချက်ရရှိပြီးနောက် ဝန်းကျိုးတရားရုံးက သေဒဏ်စီရင်ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China executes 11 from northern Myanmar telecom fraud rings
HANGZHOU, Jan. 29 (Xinhua) — China on Thursday executed 11 members of gangs operating in northern Myanmar, including key figures in telecom fraud rings.
The 11 were first sentenced to death in September 2025 by a court in Wenzhou, Zhejiang Province in eastern China, for crimes including intentional homicide, intentional injury, illegal detention, fraud, and operating gambling establishments.
They appealed the verdict, but the appeal was rejected in November 2025 by the Higher People’s Court of Zhejiang Province, which upheld the original judgment and submitted the case to the Supreme People’s Court (SPC) for review as required by law.
The SPC later approved the death sentences. Upon review, the top court confirmed that since 2015, these criminals had established multiple operational bases in Myanmar to engage in telecom fraud, operate illegal gambling dens, and commit other crimes.
According to the SPC, the funds involved in fraud and gambling exceeded 10 billion yuan (about 1.4 billion U.S. dollars). The gangs also intentionally murdered, assaulted, and illegally detained people involved in fraud, resulting in the deaths of 14 Chinese citizens and causing injuries to others.
The executions were carried out by the Wenzhou court after obtaining the SPC’s approval.
Photo: Criminal suspects are escorted by Chinese police officers at the Kunming Changshui International Airport in Kunming, southwest China’s Yunnan Province, Jan. 30, 2024. (Xinhua/Yin Gang)
