China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နအူရူးနိုင်ငံ ၅၈ နှစ်မြောက် လွတ်မြောက်ရေးနေ့အတွက် နအူရူးသမ္မတထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နအူရူးနိုင်ငံ ၅၈ နှစ်မြောက် လွတ်မြောက်ရေးနေ့အတွက် ဂုဏ်ပြုသဝဏ်လွှာကို နအူရူးနိုင်ငံ သမ္မတ David Adeang ထံ ဇန်နဝါရီ ၃၁ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် နအူရူးနိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြန်လည်စတင်ချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် တိုးတက်အောင်မြင်လျက်ရှိကာ အလွှာစုံ၌ ကူးလူးဖလှယ်မှုများမှာ မကြာခဏတိုးတက်မှုရှိလာသလို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကလည်း အနှစ်သာရပြည့်ဝသော ရလဒ်များ ထွက်ပေါ်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမှာ ဆက်လက်နက်ရှိုင်းလျက်ရှိကြောင်း ရှီက ထောက်ပြပြောကြားခဲ့သည်။
ထို့ပြင် သမ္မတ ရှီက တရုတ်-နအူရူး ဆက်ဆံရေးကို ၎င်းအနေဖြင့် အထူးပင်အလေးထားကြောင်း၊ နအူရူးနိုင်ငံ သမ္မတ Adeang နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားသော အဆင့်သစ်များသို့ မြှင့်တင်ရေးအတွက် အတူတကွလုပ်ဆောင်လိုပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Xi extends congratulations to Nauru’s president on 58th anniversary of independence
BEIJING, Jan. 31 (Xinhua) — Chinese President Xi Jinping on Saturday sent a congratulatory message to Nauru’s President David Adeang on the 58th anniversary of the country’s independence.
Xi pointed out that since the resumption of diplomatic relations between China and Nauru, bilateral ties have flourished, with exchanges at all levels becoming increasingly frequent, practical cooperation producing substantial results, and the friendship between the two peoples continuing to deepen.
Noting that he attaches great importance to the development of China-Nauru relations, Xi said he’s willing to work together with President Adeang to advance the bilateral ties to new heights, bringing greater benefits to the peoples of both countries.
Photo: Chinese President Xi Jinping holds a welcome ceremony for Nauruan President David Adeang in the Northern Hall of the Great Hall of the People prior to their talks in Beijing, capital of China, March 25, 2024. (Xinhua/Huang Jingwen)
