Connect with us

China

ရှီနှင့် အယ်လ်ဂျီးရီးယား သမ္မတတို့ အယ်လ်ဂျီးရီးယားဂြိုဟ်တု အောင်မြင်စွာလွှတ်တင်မှုအတွက် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ Abdelmadjid Tebboune အား ဆွေးနွေးပွဲမကျင်းပမီ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင် မြောက်ဘက်ခန်းမတွင် အခမ်းအနားဖြင့်ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အယ်လ်ဂျီးရီးယား အဝေးထိန်း အာရုံခံဂြိုဟ်တုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောင်မြင်စွာလွှတ်တင်မှုအတွက် အယ်လ်ဂျီးယားနိုင်ငံ သမ္မတ Abdelmadjid Tebboune နှင့် ဂုဏ်ပြုသဝဏ်လွှာများကို ဇန်နဝါရီ ၃၁ ရက်တွင် အပြန်အလှန်ပေးပို့ ခဲ့ကြကြောင်း သိရသည်။

အယ်လ်ဂျီးရီးယား ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ပြီးနောက် အယ်လ်ဂျီးရီးယား အဝေးထိန်းအာရုံခံဂြိုဟ်တုစီမံကိန်းက တရုတ်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံအကြား အာကာသကဏ္ဍ၌ နောက်ထပ်အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်သလို တရုတ်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အရေးပါသည့် သရုပ်ပြမှုလည်း ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

တရုတ်-အယ်လ်ဂျီးရီးယား ဆက်ဆံရေးသည် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုနှင့် အကျိုးကျေးဇူးကြွယ်ဝသော လက်တွေ့ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် ခိုင်မာအားကောင်းခြင်းနှင့်အတူ မကြာသေးမီနှစ်များအတွင်း သိသိသာသာတိုးတက်မှုများ ရှိခဲ့ကြောင်း ရှီက ပြောကြားခဲ့သလို ၎င်းအနေဖြင့် တရုတ်-အယ်လ်ဂျီးရီးယား ဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားကြောင်း၊ သမ္မတ Tebboune နှင့်အတူ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိစေရန်အလို့ငှာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ကြွယ်ဝစေရန်ဆောင်ရွက်သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အယ်လ်ဂျီးယားနိုင်ငံ သမ္မတ Abdelmadjid Tebboune က အယ်လ်ဂျီးရီးယား အဝေးထိန်းအာရုံခံ ဂြိုဟ်တုအား အောင်မြင်စွာလွှတ်တင်ခြင်းသည် အယ်လ်ဂျီးရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား အာကာသကဏ္ဍ၌ နောက်ထပ် အောင်မြင်မှုတစ်ခုပင်ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု၌လည်း သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို တိုးချဲ့ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ဆက်လက်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xi, Algerian president exchange congratulations over successful launch of Algerian satellite
BEIJING, Jan. 31 (Xinhua) — Chinese President Xi Jinping on Saturday exchanged congratulations with Algerian President Abdelmadjid Tebboune over the successful launch of an Algerian remote sensing satellite from Jiuquan in northwest China.
Xi said the Algerian remote sensing satellite project, following the launch of the Algerian communication satellite, is another successful cooperation between China and Algeria in the aerospace field, and is an important manifestation of the comprehensive strategic partnership between China and Algeria.
Noting that China-Algeria relations have made significant progress in recent years, with continuously strengthened political mutual trust and fruitful practical cooperation, Xi said he attaches great importance to the development of China-Algeria ties and is willing to work with President Tebboune to continuously enrich the comprehensive strategic partnership, so as to better benefit the people of both countries.
Tebboune, for his part, said the successful launch of the Algerian remote sensing satellite is another substantial achievement in aerospace cooperation between Algeria and China, and a new milestone in the development of bilateral relations, which will help both sides expand cooperation prospects.
Algeria is willing to continue to deepen the comprehensive strategic partnership with China, he added.
Photo: Chinese President Xi Jinping holds a welcoming ceremony for Algerian President Abdelmadjid Tebboune in the Northern Hall of the Great Hall of the People prior to their talks in Beijing, capital of China, July 18, 2023. (Xinhua/Huang Jingwen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.