China
“Zootopia 2” က တရုတ်နိုင်ငံ၏ ထိပ်တန်းတင်သွင်းရုပ်ရှင်အဖြစ် “Avengers: Endgame” ကို ကျော်လွန်
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
“Zootopia 2” သည် တရုတ်ရုပ်ရှင်လက်မှတ်ရောင်းအားသမိုင်းတွင် လက်မှတ်ရောင်းချရမှုဝင်ငွေ အများဆုံးရရှိသည့် တင်သွင်းရုပ်ရှင်ဖြစ်လာကြောင်း၊ ယင်းရုပ်ရှင်ဇာတ်ကား၏ လက်မှတ်ရောင်းချရမှုဝင်ငွေမှာ ယခင်စံချိန်တင်ဇာတ်ကား “Avengers: Endgame” ရရှိခဲ့သည့်ဝင်ငွေကို ကျော်လွန်သွားကြောင်း ရုပ်ရှင်လုပ်ငန်းအချက်အလက်များက ဇန်နဝါရီ ၆ ရက်၌ ဖော်ပြခဲ့သည်။
အဆိုပါနောက်ဆက်တွဲ အန်နီမေးရှင်းဇာတ်ကား “Zootopia 2” သည် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းအထိ ဝင်ငွေ ယွမ် ၄.၂၅၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၀၆ သန်းခန့်) ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့သည့် စူပါဟီးရိုးဇာတ်ကား “Avengers: Endgame” ကို ကျော်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေတာပလက်ဖောင်း Maoyan က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများမှ “Zootopia 2” ရရှိသည့် စုစုပေါင်းလက်မှတ်ရောင်းချရမှုဝင်ငွေသည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းလက်မှတ်ရောင်းချရမှုဝင်ငွေ၏ ၃၆ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုပြီး ၎င်း၏ မြောက်အမေရိကဝင်ငွေထက် များစွာကျော်လွန်ကာ တရုတ်နိုင်ငံကို ယင်းရုပ်ရှင်ဇာတ်ကား၏ ထိပ်တန်းဈေးကွက်အဖြစ် ခိုင်မာစွာထူထောင်ထားကြောင်း Maoyan အချက်အလက်များအား အခြေခံ၍ သိရသည်။ (Xinhua)
……………..
(English Version)
“Zootopia 2” surpasses “Avengers: Endgame” as China’s top imported film
BEIJING, Jan. 6 (Xinhua)
“Zootopia 2” has become the highest-grossing imported film in Chinese box office history, exceeding the previous record held by “Avengers: Endgame,” industry data showed on Tuesday.
According to data platform Maoyan, the animated sequel had earned 4.251 billion yuan (approximately 606 million U.S. dollars) as of Tuesday morning, overtaking the 2019 superhero blockbuster.
The total for “Zootopia 2” from Chinese theaters represents about 36 percent of its global total, based on Maoyan data, far surpassing its North American earnings and firmly establishing China as the sequel’s top market. ■
English Caption
Children check out a poster for the movie “Zootopia II” at a cinema in Hai’an, east China’s Jiangsu Province on Jan. 2, 2026. (Photo by Gu Binbin/Xinhua)
