China
ဩဇာလွှမ်းမိုးမှုနယ်ပယ်များကို ပိုင်းခြားခြင်း၊ ပထဝီနိုင်ငံရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်ပေးခြင်းက နိုင်ငံကို ပိုမိုလုံခြုံစေနိုင်မည်မဟုတ်ဟု တရုတ်နိုင်ငံ ပြောရေးဆိုခွင့်ရှိသူ ဆို
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
ဩဇာလွှမ်းမိုးမှုနယ်ပယ်များကို ပိုင်းခြားခြင်းနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုကို လှုံ့ဆော်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံကို ပိုမိုဘေးကင်းလုံခြုံစေမည်မဟုတ်သည့်အပြင် ကမ္ဘာကြီးထံသို့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ဖွယ်မရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
“ဒါက ကျွန်တော်တို့ရဲ့ ကမ္ဘာခြမ်းပါ၊ ကျွန်တော်တို့ရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရမှာကို သမ္မတ (ဒေါ်နယ်) ထရမ့်က ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၏ မကြာသေးမီက ထုတ်ပြန်ချက်ကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါပြောရေးဆိုခွင့်ရှိသူ မော်နင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘုံလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ လုံခြုံရေးတွေကသာ ရေရှည်တည်တံ့တဲ့ လုံခြုံရေးဖြစ်ပါတယ်” ဟု မော်က အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Dividing spheres of influence, stoking geopolitical confrontation can’t make country safer: Chinese spokesperson
BEIJING, Jan. 7 (Xinhua) — Dividing spheres of influence and stoking geopolitical confrontation will in no way make a country safer, and still less bring peace to the world, a Chinese foreign ministry spokesperson said at a daily press briefing on Wednesday.
Spokesperson Mao Ning made the remarks in response to the recent statement by U.S. Secretary of State Marco Rubio that “this is our hemisphere, and President (Donald) Trump will not allow our security to be threatened.”
“Common security and cooperative security are sustainable security,” Mao stressed. ■
