China
အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ်က တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန်၊ နိုင်ငံစုံရေးရာများတွင် ညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြား
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသော အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် မိုက်ကယ်မာတင်က တရုတ်နိုင်ငံနှင့်အတူ စီးပွားရေး၊ ကုန်သွယ်ရေး၊ အစိမ်းရောင်နှင့် သိပ္ပံ-နည်းပညာ ဆန်းသစ်တီထွင်မှု နယ်ပယ်များ၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံစုံရေးရာများတွင် ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရန် ၎င်း၏ဆန္ဒကို ပေကျင်းမြို့၌ ဇန်နဝါရီ ၅ ရက်က တရုတ်မီဒီယာနှင့် ပူးတွဲအင်တာဗျူး၌ ထည့်သွင်းပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် ၁၄ နှစ်တာအတွင်း အိုင်ယာလန်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံးခရီးစဉ်နှင့် မာတင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန်မှစ၍ ပထမဆုံးအကြိမ် ခရီးစဉ်လည်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးတွင် အောင်မြင်တိုးတက်မှုများကို ၎င်းက ချီးကျူးပြောကြားခဲ့သလို အဆင့်မြင့်ဆွေးနွေးမှု၏ အရေးပါသောအခန်းကဏ္ဍကိုလည်း အလေးထားပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ နှစ် ၂၀ က စီးပွားရေးလုပ်ငန်းဝန်ကြီးတစ်ဦးအနေနဲ့ ပထမဆုံး တရုတ်နိုင်ငံကို လာခဲ့တုန်းက နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏဟာ သိသိသာသာတိုးတက်လာခဲ့တယ်။ ပြီးတော့ ကုန်သွယ်ရေးအနေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ လွန်စွာအားကောင်းကောင်းနဲ့ တိုးတက်လာတယ်” ဟု မာတင်က ဆိုသည်။
အနာဂတ်ကို ရည်မျှော်လျက် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှု စသည့် ထွန်းသစ်စ နယ်ပယ်များကိုလည်း မာတင်က ထောက်ပြပြောကြားခဲ့သည်။ “ကျွန်တော်တို့က ကမ်းလွန်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှာ အဓိကရင်းနှီးမြှုပ်နှံမှုတွေ စတင်လုပ်ဆောင်သွားမှာပါ” ဟု တရုတ်စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များဖြစ်လာမည့် အိုင်ယာလန်နိုင်ငံ၏ ကြွယ်ဝသော လေစွမ်းအင်အရင်းအမြစ်များကို ပံ့ပိုးပေးမည့် အိုင်ယာလန်၏ အစီအစဉ်ကို မီးမောင်းထိုးလျက် ၎င်းက ပြောခဲ့သည်။
ထို့ပြင် ဥရောပဇုန်နှင့် ဥရောပသမဂ္ဂတွင် အင်္ဂလိပ်စကားပြောသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် အိုင်ယာလန်နိုင်ငံ၏ ထူးခြားသောရပ်တည်ချက်ကို မာတင်က အလေးထားဖော်ပြခဲ့ပြီး ယင်းမှာ ကျယ်ပြောလှသော ဥရောပစားသုံးသူဈေးကွက်သို့ အားကောင်းကောင်းဖြင့် ဝင်ရောက်နိုင်ရန် ပံ့ပိုးပေးလျက်ရှိသည်ဟု ဆိုသည်။ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံ၊ ဇီဝဆေးဝါး စသည့် ကဏ္ဍများ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုကိုလည်း ကြိုဆိုကြောင်း၊ အိုင်ယာလန်စီးပွားရေးကုမ္ပဏီများအနေဖြင့် တရုတ်ဈေးကွက်ကို တစ်ဆင့်တိုးစူးစမ်းရှာဖွေမည့် မျှော်လင့်ချက်ကိုလည်း မာတင်က ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဈေးကွက်က အိုင်ယာလန်နိုင်ငံအတွက် လွန်စွာအရေးပါကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်း စားသောက်ကုန်၊ နို့ထွက်ကုန်နှင့် သက်ရှိ သိပ္ပံ စသည့် အိုင်ယာလန်နိုင်ငံ၏ ယှဉ်ပြိုင်မှုရှိသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260107/5a782dbedbcb4a25842313cc118e76a0/c.html
……………………………………..
(English Version)
Irish Taoiseach says willing to deepen cooperation with China, enhance coordination in multilateral affairs
BEIJING, Jan. 7 (Xinhua) — Taoiseach of Ireland Micheal Martin, currently on an official visit to China, expressed his willingness to deepen cooperation with China in economy, trade, green energy and sci-tech innovation, and to enhance coordination in multilateral affairs, during a joint interview with Chinese media in Beijing on Monday.
This visit marks the first by an Irish Taoiseach in 14 years and Martin’s first since taking office. He spoke highly of the achievements in bilateral relations in recent years and emphasized the crucial role of high-level dialogue.
“I first came here 20 years ago as enterprise minister and the trading volumes between our two countries have increased exponentially. So our relationship on the trading side has grown very strongly,” Martin said.
Looking ahead, Martin pointed to emerging areas such as the digital economy and the green transition. “We will be embarking on a major investment in offshore renewable energy,” he said, highlighting Ireland’s plan to leverage its abundant wind resources, which he said would present new opportunities for Chinese enterprises.
Martin highlighted Ireland’s unique position as the only English-speaking country in the Eurozone and the European Union, which provides strong access to the vast European consumer market. He welcomed more Chinese investment in sectors like financial services, infrastructure, and biomedicine, and expressed the hope for Irish companies to further explore the Chinese market.
The Chinese market is very important to Ireland, particularly in Ireland’s competitive sectors such as agri-food, dairy and life sciences, where cooperation can be strengthened, he added.
https://english.news.cn/20260107/5a782dbedbcb4a25842313cc118e76a0/c.html
Photo: Chinese President Xi Jinping meets with Taoiseach of Ireland Micheal Martin at the Great Hall of the People in Beijing, capital of China, Jan. 5, 2026. (Xinhua/Li Xiang)
