Connect with us

China

တရုတ်နိုင်ငံ ချုံချင့်မြို့က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး ကြိုးပမ်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ လီကျီပါ့ ရှုခင်းသာကြည့်နေရာပလက်ဖောင်းကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ယန်ဇီမြစ်အထက်ပိုင်းအတွက် အရေးပါသော ဂေဟဗေဒဆိုင်ရာ လမ်းကြောင်းတစ်ခုအဖြစ် ချုံချင့်မြို့သည် မကြာသေးမီနှစ်များအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ထိန်းသိမ်းရေး ကြိုးပမ်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။
ချုံချင့်မြို့က မြစ်ကမ်းပါးတစ်လျှောက် ဧရိယာများကို ထိရောက်စွာ ထိန်းသိမ်းထားပြီး ကာကွယ်ထိန်းသိမ်းထားသော အစိမ်းရောင်စင်္ကြံများအဖြစ် ၎င်းတို့၏ လုပ်ဆောင်ချက်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်မှုများကို အားပေးခြင်းအားဖြင့် ချုံချင့်မြို့သည် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဆွဲဆောင်မှုအသစ်များနှင့် အထင်ကရနေရာများကို ဖော်ထုတ်လျက်ရှိသည်။
ဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ပေါင်းစည်းခြင်းအားဖြင့် ဒေသတွင် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးကာ ဒေသခံများ၏ သုခချမ်းသာနှင့် လူမှုဘဝအရည်အသွေး မြှင့်တင်ရာတွင် အထောက်အကူပြုလျက်ရှိပါသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် ကေဘယ်ကားစီးနေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ မြစ်ကမ်းနံဘေးဥယျာဉ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ဝူဆန်းခရိုင်၊ ယန်ဇီမြစ်တစ်လျှောက်ရှိ ဝူးရှာ လျှိုမြောင်အပေါ်မှ ရှုခင်းသာနေရာကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ လေ့လာရေးစင်ပေါ်မှ ချွီထန် လျှိုမြောင်ကို ကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China’s Chongqing intensifies environmental protection efforts
Acting as a crucial ecological gateway for the upper reaches of the Yangtze River, Chongqing has intensified its environmental protection efforts in recent years.
The city has effectively conserved areas along its riverbanks, enhancing their function as protective green corridors. Leveraging these environmental improvements, the city has developed new cultural tourism attractions and landmarks.
This integration of ecological conservation and tourism development has promoted local tourism, contributing to improved resident wellbeing and quality of life.
Photo 1: Tourists visit the Liziba sightseeing platform in Chongqing, southwest China, Jan. 7, 2026. (Xinhua/Huang Wei)
Photo 2: An aerial drone photo taken on Jan. 6, 2026 shows tourists taking cable trains in Chongqing, southwest China. (Xinhua/Huang Wei)
Photo 3: An aerial drone photo taken on Dec. 25, 2025 shows a view of a riverbank park in Chongqing, southwest China. (Photo by Huang Jianhua/Xinhua)
Photo 4: An aerial drone photo taken on Nov. 29, 2025 shows tourists visiting a scenic spot overlooking the Wuxia Gorge along the Yangtze River, in Wushan County, Chongqing, southwest China. (Photo by Wang Changzheng/Xinhua)
Photo 5: People look at the Qutang Gorge from an observation deck in Chongqing, southwest China, June 9, 2025. (Xinhua/Wang Quanchao)