China
၂၀၂၅ ခုနှစ်တွင် ရာဇဝတ်မှုဖြစ်ပွားနှုန်း ၁၂.၈ ရာခိုင်နှုန်း ကျဆင်းကြောင်း တရုတ်နိုင်ငံ မှတ်တမ်းတင်
ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရဲတပ်ဖွဲ့မှ တိုင်ချက်ဖွင့်ခဲ့သည့် ရာဇဝတ်မှုအရေအတွက်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်တွင် ၁၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။
ပြင်းထန်သော အကြမ်းဖက်မှု၊ အတင်းအဓမ္မဖျားယောင်းသွေးဆောင်သည့် လူကုန်ကူးမှု၊ သမားရိုးကျ ခိုးယူ၊လုယက်၊ လိမ်လည်မှု စသည့် ပြစ်မှုများမှာ ၂၀၂၄ ခုနှစ်ထက် ၄.၇ ရာခိုင်နှုန်း၊ ၄၀.၇ ရာခိုင်နှုန်းနှင့် ၂၁.၂ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းမင် က ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံတစ်ဝန်း ရဲအရာရှိ ၂၁၀ ဦးနှင့် အရန်ရဲအရာရှိ ၁၄၂ ဦးတို့မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြကြောင်း ကျန်းက မှတ်ချက်ပြုခဲ့သည်။
တရုတ်ပြည်သူ့ရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်ကို ဇန်နဝါရီ ၁၀ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
China records 12.8-pct drop in criminal cases in 2025
BEIJING, Jan. 8 (Xinhua) — The number of criminal cases filed by Chinese police declined by 12.8 percent in 2025 compared to the previous year, a police spokesperson said on Thursday.
Serious violent crimes, abductions, as well as traditional theft, robbery and fraud offenses dropped by 4.7 percent, 40.7 percent, and 21.2 percent year-on-year, respectively, Zhang Ming, spokesperson for the Ministry of Public Security, announced.
In 2025, 210 police officers and 142 auxiliary police officers across China died in the line of duty, Zhang noted.
The annual Chinese People’s Police Day will be observed this Saturday. ■
English Caption
A flag-raising ceremony is held at the Ministry of Public Security in Beijing, capital of China, Jan. 10, 2024. (Xinhua/Yin Gang)
