China
ကူအိုက်လျင်က အမျိုးသမီး slopestyle နှင်းလျှောစီးပြိုင်ပွဲတွင် အိုလံပစ်ငွေတံဆိပ်ဆု ဆွတ်ခူး
လီဗီညို၊ အီတလီ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၉ ရက်က တရုတ်နိုင်ငံ၏ အလွတ်တန်း နှင်းလျှောစီး ကြယ်ပွင့်အားကစားမယ် ကူအိုက်လျင်မှာ ရမှတ် ၀.၃၈ မှတ်မျှ ကွာဟမှုကြောင့် Halfpipe ၊ Big Air နှင့် Slopestyle ပြိုင်ပွဲအမျိုးအစား သုံးခုစလုံးတွင် အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးနိုင်သည့် ပထမဆုံး အလွတ်တန်း နှင်းလျှောစီးကစားသမား ဖြစ်လာမည့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
နှစ်ကြိမ်တိုင်တိုင် အိုလံပစ်ချန်ပီယံဖြစ်ခဲ့သည့် ကူမှာ ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွင် ဆွစ်ဇာလန်နိုင်ငံသူ မက်တေး ဂရီမောက်နှင့် ထပ်မံရင်ဆိုင်တွေ့ခဲ့ရာ လွန်ခဲ့သည့် ၄ နှစ်က ပေကျင်းအိုလံပစ်ပြိုင်ပွဲတွင် ၎င်းတို့နှစ်ဦး ရင်ဆိုင်တွေ့ခဲ့သည့် အဖြစ်အပျက်ကို ပြန်လည်အမှတ်ရစေခဲ့ပြီး ယခုတစ်ကြိမ်တွင် ဂရီမောက်က ကူကို နှာတစ်ဖျားအသာဖြင့် ရွှေတံဆိပ်ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။
“အိုလံပစ်ပြိုင်ပွဲဝင် နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် အမှတ်ဝက်နီးပါးလောက်ပဲ ကွာနေတာက တော်တော်လေး ရယ်စရာကောင်းတယ်လို့ ထင်ပါတယ်။ အဲဒါက အမျိုးသမီး အလွတ်တန်းနှင်းလျှောစီးအားကစား ဖွံ့ဖြိုးတိုးတက်မှုရဲ့ သက်သေသာဓကတစ်ခုလို့ ကျွန်မထင်ပါတယ်။ အဲဒီမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတာက သိပ်ကိုထူးခြားပါတယ်” ဟု ကူက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
လီဗီညို ဆီးနှင်းဥယျာဉ်၌ တရုတ်ပရိသတ်အများအပြား လာရောက်အားပေးခဲ့သည့် အဆိုပါပွဲစဉ်၌ နောက်ဆုံးဒုတိယမြောက်နေရာမှ တာထွက်ခဲ့သည့် အဖွင့်နှင်းလျှောစီးလမ်း၌ ယှဉ်ပြိုင်ပြီးချိန်တွင် ကူက ၈၆.၅၈ မှတ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ ဂရီမောက်ကမူ ၈၃.၆၀ မှတ်ဖြင့် ဒုတိယလိုက်ခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ နှင်းလျှောစီးကွင်း၏ ကျန်လျှောစီးလမ်းများတွင် ဂဏန်းနှစ်လုံးကွာဟချက်ကို အလျင်အမြန် ဖွင့်လှစ်နိုင်ခဲ့သည်။
၎င်းတို့နှစ်ဦးမှာ ဒုတိယလျှောစီးလမ်းတွင် အရှိန်နှုန်းမြှင့်ခဲ့သည့်အတွက် ယှဉ်ပြိုင်မှုတစ်လျှောက်တွင် အမှားလုပ်မိခဲ့ကြသည်။ ကူမှာ ချော်လဲခဲ့သည့်အတွက် ရမှတ် ၂၃ မှတ်သာ ရယူနိုင်ခဲ့ပြီး ဂရီမောက်ကမူ ယင်းပတ်လမ်း၌ အမှားအယွင်းမရှိသလောက်နီးပါး စွမ်းဆောင်နိုင်ခဲ့ကာ ၈၆.၉၆ မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
“သူက ပထမတစ်ကြိမ် ခုန်တဲ့နေရာမှာ ပိုကြီးမားတဲ့ အတားအဆီးတစ်ခုကို သတိလက်လွတ်ဖြစ်သွားပုံရပြီး ကျွန်မသာဆိုရင် ပွဲပြီးသွားလောက်တယ်” ဟု ဂရီမောက်က ဆိုသည်။ “သူက တန်းတွေကို ဖြတ်ကျော်တဲ့နေရာမှာ ပိုကျွမ်းကျင်ပြီး ကျွန်မက ခုန်တဲ့နေရာမှာ ပိုကျွမ်းကျင်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
“ဒါက ကျွန်မလုပ်ဖူးသမျှထဲမှာ အပြင်းထန်ဆုံး ယှဉ်ပြိုင်မှု ဖြစ်ခဲ့တယ်ဆိုတာ အသေအချာပါပဲ” ဟု အသက် ၂၆ နှစ်အရွယ် ဆွစ်ဇာလန်သူက ဆိုသည်။
နောက်ဆုံးနှင်းလျှောစီးလမ်းတွင် အကြီးအကျယ် ဖိအားဝင်နေသည့် ကူမှာ အရည်အချင်းစစ်ဆေးသည့် အဆင့်၌ တူညီသည့် အမှားကို ထပ်မံလုပ်မိခဲ့ပြီး တန်းများကိုကျော်ဖြတ်ရသည့် အပိုင်းတွင် အတားအဆီးကို စောစောစီးစီး ဝင်တိုက်မိခဲ့သဖြင့် ၁.၆၅ မှတ်သာ ရရှိခဲ့သည်။
“အိုလံပစ်ပြိုင်ပွဲတွေမှာ ဒီလိုမျိုးဖိအားတွေ အမြဲတမ်းရှိတတ်ပါတယ်။ ဒါက တခြားပြိုင်ပွဲတွေနဲ့ လုံးဝမတူပါဘူး” ဟု အရည်အချင်းစစ်ဆေးသည့် အဆင့်၌ ရှုံးနိမ့်ခဲ့ပြီးနောက် ကူက ပြောကြားခဲ့သည်။
နောက်ဆုံးပြေးလမ်းတွင် အနိုင်ရရှိပြီးနောက် ဝမ်းသာပျော်ရွှင်နေသည့် ဂရီမောက်က ၎င်း၏ခန္ဓာကိုယ်၌ ဆွစ်ဇာလန်နိုင်ငံအလံကို လွှမ်းခြုံထားခဲ့ရာ ပရိသတ်များက အော်ဟစ်အားပေးခဲ့ကြသည်။ ကနေဒါ နှင်းလျှောစီးမယ် မက်ဂန် အိုးလ်ဟမ်းက နောက်ဆုံးပြေးလမ်းတွင် ၇၆.၄၆ မှတ် ရရှိကာ ဗြိတိန်သူ ကာစတီ မီရာကို ၀.၄၁ မှတ်ဖြင့် နှာတစ်ဖျားအသာရကာ ကြေးတံဆိပ်ဆွတ်ခူးခဲ့သည်။
နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် တရုတ်နှင်းလျှောစီးကစားသမား သုံးဦးအနက် လျိုမုန့်ထျင် မှာ အဖွင့်နှင်းလျှောစီးလမ်းတွင် ၆၇.၄၆ မှတ်ဖြင့် ပဥ္စမရရှိခဲ့သည်။ ဟန်လျင်ဆန်းမှာမူ လေ့ကျင့်ခန်းဆင်းနေစဉ် ဒဏ်ရာရရှိခဲ့သည့်အတွက် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိပေ။
ကူအိုက်လျင် ငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ မီလန်-ကော်တီနာ အိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် ငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ တရုတ်နိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ်အဖြစ် အမျိုးသား Big Air နှင်းလျှောစီးပြိုင်ပွဲ အမျိုးအစားတွင် စူးရီမင်က ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ လီဗီညိုမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွင် အမျိုးသမီး အလွတ်တန်း slopestyle နှင်းလျှောစီးပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ကူအိုက်လျင်အား တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ လီဗီညိုမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲတွင် အမျိုးသမီး အလွတ်တန်း slopestyle နှင်းလျှောစီးပြိုင်ပွဲ၌ ဆွစ်ဇာလန်နိုင်ငံမှ မက်တေး ဂရီမောက်၏ ယှဉ်ပြိုင်မှုအား တွေ့ရစဉ် (ဆင်ဟွာ)


………………..
(English Version)
Gu Ailing settles for Olympic silver in women’s slopestyle
LIVIGNO, Italy, Feb. 9 (Xinhua) — Chinese freestyle skiing star Gu Ailing fell just 0.38 points short of history on Monday, missing the chance to become the first freestyle skier to win Olympic gold in halfpipe, big air and slopestyle.
The two-time Olympic champion again ran into Switzerland’s Mathilde Gremaud, who edged Gu for gold in the women’s slopestyle at the Milan-Cortina 2026 Winter Olympics, echoing their duel at the Beijing Games four years ago.
“I think it’s kind of funny that both Olympics we were within half a point of one another. If anything, I think it’s just testament to the growth of women’s freeskiing. It’s so special to be a part of that,” Gu said after the race.
With large numbers of Chinese fans at Livigno Snow Park, Gu, competing second to last, led after the opening run with a field-best 86.58 points. Gremaud followed with 83.60, and the pair quickly opened a double-digit gap over the rest of the field.
The duel intensified in the second run as mistakes spread through the competition. Gu stumbled and managed only 23 points, while Gremaud produced the only near-flawless run of the round to move into the lead with 86.96.
“She was maybe missing one bigger trick on the first jump and that would have been game over for me,” Gremaud said. “I believe she knew she was better on the rails and I knew I was better on the jumps.”
“That was definitely the most intense run I’ve ever done,” the 26-year-old Swiss added.
Under heavy pressure in the final run, Gu repeated the same error she made in qualifying, crashing early in the rail section and finishing with just 1.65 points.
After her fall in qualification, Gu said, “The Olympics always come with this kind of pressure. It’s really different from any other competition.”
Gremaud elected to enjoy her final round, wrapping herself in her national flag as the crowd roared. Canada’s Megan Oldham claimed bronze with 76.46 in her final run, edging Britain’s Kirsty Muir by 0.41 points.
Among the three Chinese skiers who reached the final, Liu Mengting placed fifth after scoring 67.46 in the opening run. Han Linshan was unable to compete after suffering an injury in training.
Gu’s silver marked China’s first silver medal of the Milan-Cortina Games. The country’s first medal overall came earlier when Su Yiming won bronze in the men’s big air.
English Caption 1
Gu Ailing of China poses at the awarding ceremony for the freestyle skiing women’s freeski slopestyle at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 9, 2026. (Xinhua/Zhang Hongxiang)
English Caption 2
Gu Ailing of China reacts during the freestyle skiing women’s freeski slopestyle final at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 9, 2026. (Xinhua/Zhang Hongxiang)
English Caption 3
Mathilde Gremaud of Switzerland competes during the freestyle skiing women’s freeski slopestyle final at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 9, 2026. (Xinhua/Zhang Hongxiang)
