Connect with us

China

ရှီကျင့်ဖိန်က တပ်မတော်သားများအား နွေဦးပွဲတော် ဆုမွန်ကောင်းတောင်းစကား ပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၁၀ ရက်က ပေကျင်းမြို့တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် လက်နက်ကိုင်တပ်ဖွဲ့၏ စစ်ရေးအသင့်ပြင်ဆင်မှုနှင့် လက်ရှိစစ်ဆင်ရေးအခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ပြီး တစ်နိုင်ငံလုံးရှိ တပ်မတော်သားတစ်ရပ်လုံးအား နှစ်သစ် နွေဦးပွဲတော် ဆုမွန်ကောင်းတောင်းစကား ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက CPC ဗဟိုကော်မတီနှင့် CMC ကိုယ်စား တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့တစ်ရပ်လုံး၏ စစ်သည်အရာရှိများ၊ စစ်ဘက်ဆိုင်ရာ အရပ်သားဝန်ထမ်းများ၊ အရန်တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ အားလုံးအား နှစ်ကူး နွေဦးပွဲတော် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ယခုနှစ် နွေဦးပွဲတော်သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျရောက်မည် ဖြစ်သည်။ (Xinhua)
—————–
(Chinese Version)
Xi extends Spring Festival greetings to service personnel
BEIJING, Feb. 11 (Xinhua) — Chinese President Xi Jinping on Tuesday reviewed the armed forces’ combat readiness and ongoing operations and extended Spring Festival greetings to all service members of the country via video link in Beijing.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission (CMC), expressed sincere regards to service personnel of the Chinese People’s Liberation Army and the People’s Armed Police Force, civilian personnel posted in the military, and members of reserve forces and militia, on behalf of the CPC Central Committee and the CMC. The Spring Festival falls on Feb. 17 this year. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.