Connect with us

China

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းအပေါ် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဂုဏ်ပြုသဝဏ်လွှာပေးပို့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံတွင် ကျင်းပသည့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားအတွင်း စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးနေသည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ဥက္ကဋ္ဌ တားရစ်ရာမန်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် တားရစ်ရာမန်ထံ ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို ဖေဖော်ဝါရီ ၁၇ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင် လီက တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုသမိုင်းကြောင်းရှည်ကြာသလို အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုရှိသော အိမ်နီးချင်းများနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများဖြစ်ကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် သံတမန်ဆက်ဆံရေးထူထောင်ပြီး ၅၁ နှစ်တာကာလအတွင်း အချင်းချင်း အမြဲတစေ လေးစားမှု၊ တန်းတူညီမျှဆက်ဆံမှု၊ နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို လက်ကိုင်ထားကျင့်သုံးခဲ့ကြရာ နိုင်ငံများအကြား ကူးလူးဖလှယ်မှုစံပြအဖြစ် ထမ်းရွက်လျက်ရှိကြောင်း လီက သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ အစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရသစ် အဆင်ပြေချောမွေ့စွာ စီမံအုပ်ချုပ်မှုကို ထောက်ခံကြောင်း၊ ၎င်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့်အတူ အစဉ်အလာချစ်ကြည်ရင်းနှီးမှု ရှေ့ဆက်ရေး၊ အရည်အသွေးမြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကဏ္ဍအသီးသီး၌ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအား‌ပေးရေးလုပ်ဆောင်ရန်၊ တရုတ်-ဘင်္ဂလားဒေ့ရှ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်ဆီသို့ မြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမို‌ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အတူတကွလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် လီက မှတ်ချက်ပြုပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Chinese premier congratulates Bangladesh’s new PM on assuming office
BEIJING, Feb. 17 (Xinhua) — Chinese Premier Li Qiang on Tuesday sent a congratulatory message to Tarique Rahman on his assuming office as the prime minister of Bangladesh.
In his message, Li said that China and Bangladesh are traditional friendly neighbors and comprehensive strategic cooperative partners sharing a long history of friendly exchanges.
Over the past 51 years since the establishment of diplomatic ties, the two countries have always respected each other, treated each other as equals and pursued win-win cooperation, serving as a model of exchanges between countries, said Li.
The Chinese government supports the smooth administration of the new Bangladeshi government, said Li, noting that he stands ready to work with the Bangladeshi prime minister to carry forward the traditional friendship, advance the high-quality Belt and Road cooperation, and push forward exchanges and cooperation in all sectors, so as to promote the China-Bangladesh comprehensive strategic cooperative partnership to a new level and bring more benefit to the people of both countries.
Photo : A screen shows Bangladesh Nationalist Party (BNP) Chairman Tarique Rahman signing documents during a swearing-in ceremony at the National Parliament building in Dhaka, Bangladesh, Feb. 17, 2026. (Photo by Habibur Rahman/Xinhua)