Connect with us

China

မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အမြန်စကိတ်စီး အသင်းလိုက်ပြိုင်ပွဲတွင် ညီညွတ်သော အသင်းအဖွဲ့စိတ်ဓာတ်က တရုတ်အသင်းအား သမိုင်းဝင်အောင်မြင်မှု ရရှိစေ

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တရုတ်အသင်းနှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အမြန်စကိတ်စီး အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ-B အပြီးတွင် တရုတ်အသင်းမှ လျိုဟန်ပင်း၊ ဝူယွီ၊ လီဝန်ဟောက်နှင့် နင်ကျုံးယန်တို့ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မီလန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
လက်ရှိ ကျင်းပလျက်ရှိသော မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အမျိုးသားအသင်းလိုက် အမြန်စကိတ်စီးပြိုင်ပွဲ၌ တရုတ်အသင်းက ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ရာတွင် စုစည်းညီညွတ်မှုနှင့် တူညီသော သန္နိဋ္ဌာန်တို့က အဓိကအရေးပါခဲ့ကြောင်း တရုတ်စကိတ်စီးအားကစားသမားများက ဖေဖော်ဝါရီ ၁၈ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဟာ စုစည်းညီညွတ်တဲ့ အသင်းတစ်သင်းဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်ဖို့ တူညီတဲ့ ရည်မှန်းချက်ရှိကြပါတယ်” ဟု နင်ကျုံးယန်၊ လျိုဟန်ပင်း၊ ဝူယွီတို့နှင့်အတူ အဖွဲ့ဝင်လေးဦးပါ စကိတ်စီးအသင်း၏ အသင်းသားတစ်ဦးဖြစ်သူ လီဝန်ဟောက်က ပြောသည်။
တရုတ်အသင်းမှာ ၃ မိနစ်၊ ၄၁.၃၈ စက္ကန့်ဖြင့် နယ်သာလန်အသင်းကို ၀.၀၉ စက္ကန့်အသာဖြင့် အနိုင်ယူကာ ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့သဖြင့် ၂၀၀၆ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် အဆိုပါ အားကစားနည်းကို ထည့်သွင်းယှဉ်ပြိုင်ခဲ့ချိန်မှစ၍ တရုတ်အသင်းအတွက် အကောင်းဆုံးရလဒ်ဖြစ်ကြောင်း သိရသည်။
နင်က ညှိနှိုင်းလုပ်ဆောင်ခြင်း၏ အရေးပါပုံကိုလည်း အလေးထားပြောဆိုခဲ့သည်။ “ကျွန်တော်တို့ဟာ မျဉ်းကြောင်းတစ်ကြောင်းတည်းလိုမျိုး စကိတ်စီးရမှာဖြစ်သလို ခြေလှမ်းတိုင်းကလည်း ချိန်သားကိုက်ဖြစ်နေဖို့လိုပါတယ်။ အဲဒီတော့မှ လေရဲ့အတားအဆီးကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပြီး ဦးဆောင်စကိတ်စီးသမားက သူ့ရဲ့အစွမ်းအစတွေကို ပိုပြီးထုတ်သုံးနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေကို အနိုင်ရတဲ့အခါ တစ်သင်းလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေ အပါအဝင် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်လာပြီဆိုတာ သိခဲ့ရတယ်။ တကယ့်ကို ပြီးပြည့်စုံခဲ့ပါတယ်” ဟု ဝူနှင့် လျိုတို့နှင့်အတူ ဆီမီးဖိုင်နယ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် ပါဝင်ခဲ့ခြင်းမရှိသည့် နင် က ပြောသည်။
“ကျွန်တော်တို့လေးယောက်က အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီရင်း ကြီးပြင်းလာခဲ့တာပါ” ဟု လီဝန်ဟောက်က ပြောကြားခဲ့ကာ အတွေ့အကြုံရှိသူက မျက်နှာသစ်များကို လမ်းညွှန်သင်ပြပေးပြီး အားလုံး အတူတူလေ့လာသင်ယူရင်း တိုးတက်လာခဲ့တဲ့ အသင်းတစ်သင်းဖြစ်သည်ဟု ဆိုသည်။
အသင်းလိုက် နည်းစနစ်၊ စကိတ်စီးပုံနှင့် ကိုယ်ကာယကြံ့ခိုင်မှု လိုအပ်ချက်များအတွက် ပြင်ဆင်ခြင်းမှာ တစ်ဦးချင်းပြိုင်ပွဲများအတွက် ပြင်ဆင်ခြင်းနှင့် သိသိသာသာ ကွာခြားကြောင်း တရုတ်အသင်း၏ တာလတ်နှင့် တာဝေး စကိတ်စီးအဖွဲ့၏ နည်းပြချုပ်ဖြစ်သူ လီယန်က ပြောသည်။ ၎င်းအနေဖြင့် အသင်း၏စွမ်းဆောင်ရည် မြှင့်တင်ရန် ဦးတည်သတ်မှတ်ချက်အတိုင်း လေ့ကျင့်သည့်စနစ်ကို ကျင့်သုံးခဲ့သည်။
“ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ လုံးဝဟာကွက်မရှိရဘူးလို့ ကစားသမားတွေကို ကျွန်မ မှာထားတယ်။ လုံးဝဟာကွက်မရှိရဘူးဆိုတာက အတိအကျ ချိန်သားကိုက်ဖြစ်ပြီး စည်းချက်ညီရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဘယ်စကိတ်စီးသမားမှ သီးခြားလှုပ်ရှားလို့မရပါဘူး။ ဆိုလိုတာကတော့ အကူးအပြောင်းအဆင့်ဆင့်မှာ အသင်းဖော်တွေကြား တစ်သားတည်းဖြစ်နေဖို့ပါပဲ” ဟု ပြိုင်ပွဲအပြီးတွင် ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
စကိတ်စီးသမားများမှာ ယခင်က အလားတူ လေ့ကျင့်မှုပုံစံအတိုင်း လေ့ကျင့်ဖူးခြင်းမရှိသည့်အတွက် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ရာတွင် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
“ကျွန်မတို့ဟာ ယုံကြည်ချက်ရဲ့ စွမ်းပကားနဲ့ ကျွန်မတို့ရဲ့ လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုရှိရပါမယ်။ အလေ့အကျင့်တွေကို ပြောင်းလဲရတာက သိပ်ကိုခက်ခဲတာမို့ ပြိုင်ပွဲမတိုင်ခင်မှာ ကျွန်မတို့ အကြိမ်ကြိမ် အစည်းအဝေးလုပ်ခဲ့တယ်။ တွေဝေနေမယ်ဆိုရင် အစကတည်းက ရှုံးနေပြီလို့ ကျွန်မ သူတို့ကို ပြောခဲ့တယ်” ဟု လီယန်က ပြန်လည်ပြောပြခဲ့သည်။
အစောပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် မီတာ ၅,၀၀၀ ပြိုင်ပွဲတွင် တရုတ်နိုင်ငံအတွက် စံချိန်တင် စွမ်းဆောင်မှုတစ်ခုကို လုပ်ပြနိုင်ခဲ့သည့် လျိုက ၎င်းအနေဖြင့် စင်မြင့်ပေါ်တွင် စိတ်တည်ငြိမ်အောင် အနိုင်နိုင်ထိန်းထားခဲ့ရသည်ဟု ဆိုသည်။ ဖေဖော်ဝါရီ ၁၅ ရက် ပွဲစဉ်၌ တရုတ်အသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ၎င်း၏အသင်းမှာ တရုတ်နွေဦးပွဲတော် အထိမ်းအမှတ်အဖြစ် ထူးခြားပြောင်မြောက်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်မည်ဟု လျိုက မျှော်လင့်ခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အမြန်စကိတ်စီး အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တရုတ်အသင်းမှ လျိုဟန်ပင်း၊ ဝူယွီ၊ လီဝန်ဟောက်နှင့် နင်ကျုံးယန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တရုတ်အသင်းနှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အမြန်စကိတ်စီး အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ-B တွင် တရုတ်အသင်းမှ လျိုဟန်ပင်း (ဝဲ)၊ ဝူယွီ (အလယ်) နှင့် လီဝန်ဟောက်တို့ ပြိုင်ပွဲဝင်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Team spirit powers China to historic team pursuit podium in speed skating at Milan-Cortina
MILAN, Feb. 17 (Xinhua) — Unity and shared determination proved decisive as China claimed a breakthrough bronze medal in the men’s speed skating team pursuit at the Milan-Cortina Winter Olympics, Chinese skaters told Xinhua on Tuesday.
“We are first and foremost a united team, with a shared goal: to bring honor to our country. So we gave everything we had to achieve it,” said Li Wenhao, a member of the four-skater squad alongside Ning Zhongyan, Liu Hanbin and Wu Yu.
China clocked 3 minutes and 41.38 seconds and edged the Netherlands by 0.09 seconds to take the bronze, its best-ever finish since the event was introduced to the Winter Games in 2006.
Ning stressed the importance of coordination. “We have to skate like a single line, every step in sync, so that air resistance is minimized and the lead skater can generate more power.”
“When we beat our opponents, I knew that all our hard work had paid off: the team’s coordination and each individual’s performance. It was truly flawless,” said Ning, who skated with Wu and Liu in the semifinal but did not feature in the final.
“The four of us have always supported and grown with each other,” Li Wenhao said, adding that it is a team in which the experienced guide the newcomers, and everyone learns and develops together.
According to Li Yan, head coach of the middle and long-distance group of the Chinese team, the techniques, skating patterns and physical demands of the team pursuit differ significantly from those of individual events. To enhance performance, she introduced targeted training.
“I told the athletes that coordination has to be flawless. By ‘flawless,’ I mean precise timing and rhythm, and no skater should act independently. It means seamless transitions between teammates,” she told Xinhua after the race.
Mental preparedness also posed challenges, as the skaters had never experienced such a training model before and occasionally felt hesitant.
“We have to believe in the power of conviction and trust what we are capable of. Before the competition, we held many meetings because changing habits is very difficult. I told them: when you hesitate, you’ve already lost,” Li Yan recalled.
Liu, who had earlier delivered a record performance for China in the 5,000 meters, said he could barely hold himself together on the podium. After China advanced to the semifinals in the event on Sunday, he expected the team to deliver a special performance to celebrate the Chinese Spring Festival.
English Caption 1
Liu Hanbin, Wu Yu, Li Wenhao and Ning Zhongyan of China celebrate after the speed skating men’s team pursuit final B between China and the Netherlands at the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 17, 2026. (Xinhua/Wu Wei)
English Caption 2
Bronze medalists Liu Hanbin, Wu Yu, Li Wenhao and Ning Zhongyan of China attend the awarding ceremony of the speed skating men’s team pursuit event at the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 17, 2026. (Xinhua/Li Jing)
English Caption 3
Liu Hanbin (L), Wu Yu (C) and Li Wenhao of China compete during the speed skating men’s team pursuit final B between China and the Netherlands at the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 17, 2026. (Xinhua/Li Jing)