China
သမ္မတ ရှီ၏ စာလွှာက တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမိုကောင်းမွန်စေမည့် အမေရိကန် မိတ်ဆွေများ၏ ကတိကဝတ်ကို ပြန်လည်ဆန်းသစ်စေ
ပေကျင်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
မြင်းနှစ် နွေဦးပွဲတော်ကာလအတွင်း အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် Muscatine မြို့ငယ်လေးသည် ပေကျင်းမြို့မှ အားလပ်ရက်နှုတ်ခွန်းဆက်သမှုများကို တစ်ဖန်ပြန်လည်ရရှိခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ရှိ မိတ်ဆွေများထံ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြန်စာပေးပို့ခဲ့ကာ နှစ်သစ်ကူးပွဲတော် ဆုမွန်ကောင်းများ ဖော်ပြထားသည့် တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်ကတ်ကို ပေးပို့ခဲ့သည်။
တရုတ်-အမေရိကန်ဆက်ဆံရေး မျှော်လင့်ချက်က ပြည်သူများအပေါ်၌ မူတည်ကာ ယင်း၏အုတ်မြစ်မှာ လူမှုအသိုင်းအဝိုင်း၌ ရှိသလို အနာဂတ်ကလည်း လူငယ်များအပေါ်၌ မူတည်လျက်ရှိပြီး နိုးကြားတက်ကြွမှုမှာလည်း ဒေသန္တရကူးလူးဖလှယ်မှုများတွင် အခြေတည်ကြောင်း ပြောကြားခဲ့သည်။
Muscatine မြို့ရှိ အိုင်အိုဝါမိတ်ဆွေများနှင့် အမေရိကန်လူငယ်များက သမ္မတ ရှီ၏ နွေးထွေးလှိုက်လှဲသော ဆန္ဒမွန်များကို ကျေးဇူးတင်ကြောင်းနှင့် ရှီပေးပို့သောစာလွှာ၏ စိတ်ရင်းစေတနာမှန်ကြောင့် နွေးထွေးမှုကို ခံစားရကြောင်း ပြောကြားခဲ့သည်။ တရုတ်နှင့် အမေရိကန် ပြည်သူများအကြား နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးထောက်ခံရန် ဘုံကတိကဝတ်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
သမုဒ္ဒရာဖြတ်သန်း၍ နှစ်သစ်ကူးနှုတ်ခွန်းဆက်မှု
ရှီသည် လွန်ခဲ့သော ၄၁ နှစ်အကြာက အိုင်အိုဝါပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကို ပြန်လည်အောက်မေ့ကာ ထိုစဉ်က ၎င်းကို နွေးထွေးစွာကြိုဆိုခဲ့ကြပြီး အံ့ဖွယ်ကောင်းသော ထိုအမှတ်တရများက ယနေ့ထိတိုင်အောင် ၎င်း၏ စိတ်ဝယ် သစ်လွင်သောခံစားမှုအဖြစ် ကျန်ရစ်နေဆဲပင်ဖြစ်သည်ဟု ဆိုသည်။
အစောပိုင်းက အိုင်အိုဝါမိတ်ဆွေများ၏ ကိုယ်စား လူကာဘေရွန်သည် ရှီနှင့် ဇနီး ဖုန်လိယွမ်ထံ တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့သည်။ ၎င်း၏ စာလွှာတွင် အိုင်အိုဝါမိတ်ဆွေများက ချစ်ခင်မှုကို ရင်ဝယ်ပိုက်ကာ တရုတ်ပြည်သူများနှင့်အတူ ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/bank

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ နန်းတော်ပြတိုက်တွင် အမေရိကန် Muscatine အထက်တန်းကျောင်း ကိုယ်စားလှယ်အဖွဲ့မှ ကျောင်းသားတစ်ဦး (ဝဲ) ကို ၂၀၂၄ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၄၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပွဲ၌ အမေရိကန် Muscatine အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တေးသီချင်း သီဆိုနေကြသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(English Version)
Xi’s letter renews American friends’ commitment to better China-U.S. ties
BEIJING, Feb. 20 (Xinhua) — During the Spring Festival marking the Year of the Horse, the small U.S. city of Muscatine, Iowa, once again received holiday greetings from Beijing.
On Monday, Chinese President Xi Jinping wrote back to friends in the U.S. state of Iowa and sent them a Chinese New Year card extending his festive wishes, saying that the hope of the China-U.S. relationship lies in the people, its foundation is in the societies, its future depends on the youth, and its vitality comes from exchanges at subnational levels.
In Muscatine, the Iowa friends and young Americans expressed appreciation for Xi’s warm wishes and said they were moved by the sincerity of his message. They voiced a shared commitment to deepening friendship between the Chinese and American peoples and to supporting the steady and healthy development of bilateral ties.
NEW YEAR GREETINGS FROM ACROSS OCEAN
Recalling his visit to Iowa 41 years ago, Xi said he was warmly received, and those wonderful memories remain fresh in his mind to this day.
Earlier, Luca Berrone wrote a letter to Xi on behalf of the Iowa friends, extending Chinese New Year’s greetings to Xi and his wife, Peng Liyuan. In his letter, Berrone said that the Iowa friends cherish and will continue to develop the friendship with the Chinese people.
Read Xiplomacy: xhtxs.cn/bank
Photo 1: Chinese and American students pose for a photo at Shijiazhuang Zoo in Shijiazhuang, north China’s Hebei Province, April 21, 2024. (Photo by Liu Zunshuan/Xinhua)
Photo 2: A student (L) of the Muscatine High School delegation takes selfies at the Palace Museum in Beijing, capital of China, April 18, 2024. (Photo by Liu Zunshuan/Xinhua)
Photo 3: Students from Muscatine High School sing a song in Chinese at a reception marking the 45th anniversary of the establishment of China-U.S. diplomatic relations in Chicago, the United States, Feb. 27, 2024. (Xinhua/Xu Jing)
