China
နှစ်သစ်ကူးနွေဦးပွဲတော်အတွင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း သုံးစွဲမှု တိုးတက်လာသည်ကို တရုတ်နိုင်ငံ မြင်တွေ့ရ
ပေကျင်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက နှစ်သစ်ကူးနွေဦးပွဲတော်မတိုင်မီ တစ်လကြာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းလှုံ့ဆော်မှုကမ်ပိန်းကို စတင်ခဲ့ပြီး ယင်းကမ်ပိန်း၌ ပြည်သူများ၏ လိုအပ်ချက်များအား ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန် များပြားလှသော အစီအစဉ်မျိုးစုံနှင့် ပရိုမိုးရှင်းအစီအမံများလည်း ပါဝင်ကြောင်း သိရသည်။
ဇန်နဝါရီလကုန်မှ မတ်လဆန်းအထိ ပြုလုပ်မည့် အဆိုပါကမ်ပိန်းအရ နိုင်ငံတစ်ဝန်း အစီအစဉ်ပေါင်း ၃၀,၀၀၀ ခန့် ကျင်းပသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ရာသီအလိုက် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ထုတ်ကုန်များနှင့် ရိုးရာနှစ်သစ်ကူးဓလေ့ထုံးတမ်းများ၊ ဖျော်ဖြေပွဲများနှင့် ပြပွဲများ အဓိကထားသည့် ပွဲလမ်းသဘင်အခမ်းအနားများ ပါဝင်မည်ဖြစ်သည်။
ယွမ် သန်း ၃၆၀ ကျော် (အမေရိကန်ဒေါ်လာ ၅၁.၆ သန်းခန့်) တန်ဖိုးရှိ သုံးစွဲမှုပြေစာများနှင့် ထောက်ပံ့ကြေးများကို လက်မှတ်လျှော့စျေးများ၊ အဖွဲ့လိုက်လက်မှတ်ဝယ်ယူမှု ခံစားခွင့်များနှင့် ဒေသအနှံ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးများကဲ့သို့သော အစီအမံများနှင့်အတူ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ရွှန်းအန်း ခရိုင်ရှိ ကုန်သွယ်ရေးလမ်းတစ်ခုသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ဆန်းချိုးမြို့၌ ပြုလုပ်သည့် ဘုရားပွဲဈေး၌ မီးပုံးပြပွဲသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့၏ ကောငးမင်ခရိုင်ရှိ ဥယျာဉ်တစ်ခု၌ Yingge အဖွဲ့မှ အဖွဲ့ဝင်များ ဖျော်ဖြေတင်ဆက်နေကြသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ဆန်းချိုး မြို့ရှိ ရှုခင်းလှပသောနေရာတစ်ခု၌ စီချွမ်းအော်ပရာ ရုပ်ပြောင်းရုပ်လွှဲကပြဖျော်ဖြေတင်ဆက်မှုအား ခရီးသွားဧည့်သည်များက ကြည့်ရှုနေကြသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)





………………
(English Version)
China sees booming cultural and tourism consumption during Spring Festival
BEIJING, Feb. 20 (Xinhua)
China’s Ministry of Culture and Tourism launched a month-long cultural and tourism campaign ahead of the Spring Festival, featuring a wide range of activities and promotional measures to better meet people’s needs.
Running from late January to early March, the campaign will see about 30,000 activities held nationwide, offering seasonal cultural and tourism products and events focused on traditional New Year customs, performances, and exhibitions.
More than 360 million yuan (about 51.6 million U.S. dollars) in consumption vouchers and subsidies will be distributed, alongside measures such as ticket discounts, bundled ticket incentives, and cross-regional tourism promotions.
English Caption 1
Tourists visit a themed lantern exhibition at a botanical garden in Luoyang City, central China’s Henan Province, Feb. 19, 2026. (Photo by Li Weichao/Xinhua)
English Caption 2
Tourists visit a commercial street in Xuan’en County, central China’s Hubei Province, Feb. 18, 2026. (Photo by Song Wen/Xinhua)
English Caption 3
Tourists visit a latern exhibition at a temple fair in Shangqiu City, central China’s Henan Province, Feb. 19, 2026. (Xinhua/Zhu Xiang)
English Caption 4
Members of a Yingge team perform at a park in Gaoming District of Foshan City, south China’s Guangdong Province, Feb. 19, 2026. (Photo by Huang Jiming/Xinhua)
English Caption 5
Tourists watch a Sichuan Opera face-changing performance at a scenic area i့n Shangqiu City, central China’s Henan Province, Feb. 19, 2026. (Xinhua/Zhu Xiang)
