Connect with us

China

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့တွင် ရှီးဇန့်နှစ်သစ်ကူး အထိမ်းအမှတ် တိုင်းရင်းသား မြင်းစီးစွမ်းရည်ပြသပွဲ ကျင်းပ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့တွင် တင်ဆက်ပြသခြင်းမပြုမီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေသော မြင်းစီးစွမ်းရည်ပြသသူတစ်ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်သည် တရုတ်နှစ်သစ်ကူးအကြိုနေ့ဖြစ်ပြီး ယခုနှစ် ရှီးဇန့်ပြက္ခဒိန်အရ ကူထူးအကြိုည၊ ရှီးဇန့်နှစ်သစ်ကူးအကြိုနေ့ သို့မဟုတ် ရှီးဇန့် ပြက္ခဒိန်တွင် အရေးပါဆုံး Losar ပွဲတော်၏ အကြိုနေ့မတိုင်မီ တစ်ရက်လည်း ဖြစ်သည်။

Losar ပွဲတော်သည် မိသားစု ပြန်လည်ဆုံစည်းကြချိန်ဖြစ်သည်။ ယင်းမှာ ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့များ၊ ရက်ဆက်ဆုတောင်းဝတ်ပြုသူများ၊ မြင်းစီးပြိုင်ပွဲကျင်းပခြင်း၊ မိသားစု ပြန်လည်ဆုံစည်းခြင်းနှင့် စားသောက်ပွဲကျင်းပခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပကြခြင်းဖြစ်သည်။

လားဆမြို့တွင် တိုင်းရင်းသား မြင်းစီးစွမ်းရည်ပြသသူများနှင့် မြင်းစီးပြိုင်ပွဲများကို တရုတ်နှစ်သစ်ကူး မြင်းနှစ်၏ စတုတ္ထမြောက်နေ့၊ ရှီးဇန့်နှစ်သစ်ကူး၏ တတိယမြောက်နေ့လည်းဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပခဲ့ကာ ရိုးရာ ထိပ်တန်းစွမ်းရည်များကို ပြသခဲ့ကြသလို ပရိသတ်များကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့တွင် မီတာ ၂,၀၀၀ ပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသော မြင်းစီးသမားများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့တွင် တင်ဆက်ပြသခြင်းမပြုမီ ပရိသတ်များနှင့် နှုတ်ဆက်နေသော မြင်းစီးစွမ်းရည်ပြသသူများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့တွင် မြင်းစီးစွမ်းရည်ပြသနေသူတစ်ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Ethnic equestrian performances held to mark Tibetan New Year in Lhasa, China’s Xizang
Monday was the Chinese New Year’s Eve, which was just one day earlier than the Night of Gutu of the Tibetan calendar this year, the prelude to the Tibetan New Year, or Losar, the most important festival in the Tibetan calendar.
Losar is a time for family reunions. It is marked by religious rituals, long prayers, horse racing, family gatherings and feasts.
The city of Lhasa hosted ethnic equestrian performances and horse racing on Friday, the fourth day of the Year of the Horse, and also the third day of the Tibetan New Year, showcasing superb traditional skills and offering visual enjoyment to the audience.
Photo 1: A equestrian performer warms up before the performances in Lhasa, southwest China’s Xizang Autonomous Region, Feb. 20, 2026. (Xinhua/Tenzin Nyida)
Photo 2: Horse riders compete during a 2,000-meter race in Lhasa, southwest China’s Xizang Autonomous Region, Feb. 20, 2026. (Xinhua/Tenzin Nyida)
Photo 3: Equestrian performers greet the audience before the performances in Lhasa, southwest China’s Xizang Autonomous Region, Feb. 20, 2026. (Xinhua/Tenzin Nyida)
Photo 4: An equestrian performer puts on a show in Lhasa, southwest China’s Xizang Autonomous Region, Feb. 20, 2026. (Xinhua/Tenzin Nyida)