Connect with us

China

တရုတ်နိုင်ငံရှိ မြို့များက ပိုမိုစိမ်းလန်းသောအနာဂတ်အတွက် စွန့်ပစ်အမှိုက်များကို အရင်းအမြစ်များအဖြစ် အသွင်ပြောင်းလဲ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ Hangzhou Linjiang Environmental Energy ကုမ္ပဏီလီမိတက် အပြင်ဘက်မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ဝမ်အိုက်ဖန်း သည် အမှိုက်အိတ်ကို စမတ်နည်းပညာသုံး အမျိုးအစားခွဲခြားကာ နေရာချလိုက်ပြီးနောက် ၎င်း၏ဖုန်းတွင် “သင့်အမှိုက်ကို စာရင်းသွင်းပြီးပါပြီ” ဟူ၍ အချက်ပေးသံထွက်ပေါ်လာခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးပုံစံရှင်သန်နေထိုင်ခြင်းဖြင့် နေ့တစ်နေ့တာကို အစပြုလိုက်သည်။
၎င်း၏ဖုန်းတွင် စာတိုပို့ခြင်းနှင့်အတူ ဝမ်အိုက်ဖန်း စွန့်ပစ်လိုက်သောအမှိုက်သည် ဒစ်ဂျစ်တယ်ခရီးကို စတင်ပြီဖြစ်ကာ ယင်းစနစ်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ နည်းပညာအချက်အချာဖြစ်သည့် ဟန်ကျိုးမြို့ရှိ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ လမ်းခရီးတစ်လျှောက် ခြေရာခံပေးကြောင်း သိရသည်။
ယခင်က အမှိုက်စွန့်ပစ်ရေးစီမံလုပ်ကိုင်သူများသည် အမှိုက်မီးရှို့ခြင်းကို လူကိုယ်တိုင်စောင့်ကြည့်ရကာ ပင်ပန်းခက်ခဲသောလုပ်ငန်းတာဝန်တစ်ခု ဖြစ်သည်။ ယနေ့ခေတ်တွင်မူ ၎င်းတို့သည် ဉာဏ်ရည်တုနှင့် အမှိုက်များကို အချိန်နှင့်တစ်ပြေးညီ မီးရှို့နေသည့် အပူအာရုံခံစနစ် ကိုးခုတပ်ဆင်ထားသော ဧရာမဖန်သားပြင်ကို ကြီးကြပ်ကာ ဒိုင်အောက်ဇင်ဓာတုပစ္စည်းများကဲ့သို့ အန္တရာယ်ရှိသော ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို ထိထိရောက်ရောက် သိသိသာသာ မြှင့်တင်ပေးလျက်ရှိသည်။

“ဒါက ပင်ကိုသဘာဝပြောင်းလဲသွားတာမျိုးပါပဲ” ဟု အမှိုက်များကို နေအိမ်များအတွက် စွမ်းအင်၊ မြို့ပြပိုက်လိုင်းများအတွက် ဓာတ်ငွေ့နှင့် ထုတ်လုပ်ရေးလိုင်းများသို့ ပြန်လည်ရောက်ရှိမည့် ကုန်ကြမ်းပစ္စည်းများအဖြစ် အသွင်ပြောင်းလဲမှုကို ကိုယ်တိုင်လုပ်ဆောင်ခဲ့သည့် ဖို့မြေနည်းပညာ အင်ဂျင်နီယာဟောင်း ကျိန့်ရန်တုန်း က ပြောခဲ့သည်။
၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် ဟန်ကျိုးမြို့၌ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ပမာဏမှာ ကီလိုဝပ်နာရီ ၂.၃ ဘီလီယံအထိ ရောက်ရှိခဲ့ရာ အမှိုက်မှရရှိသော လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၅၀ တိုင်းကို နေအိမ်များက အသုံးပြုနေသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/9UI

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ Hangzhou Linjiang Environmental Energy ကုမ္ပဏီလီမိတက်တွင် အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ဖူနင်ကျေးရွာရှိ ရွာသားတစ်ဦး၏ နေအိမ်တွင် စွန့်ပစ်အမှိုက်ကို ပြန်လည်အသုံးချနိုင်သော စွန့်ပစ်အမှိုက်များစုသိမ်းနေသည့် ဝန်ထမ်းတစ်ဦး (ယာ) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Chinese cities turn waste into resources for greener future
HANGZHOU, Jan. 30 (Xinhua) — Wang Aifen starts her day with a simple act of green living, placing a bag of waste into a smart sorting bin as her phone pings, “Your disposal has been recorded.”
With that text message on her phone, her trash begins its digital journey, tracked all the way to a waste-to-energy plant in Hangzhou, a tech hub in east China’s Zhejiang Province.
In the past, waste management operators had to manually monitor roaring furnaces, a grueling and imprecise task. Today, they oversee a giant screen where AI and nine temperature sensors guide the incineration in real time, boosting efficiency and sharply reducing harmful emissions such as dioxins.
“It’s a metamorphosis,” said Zheng Rendong, a former landfill engineer who has witnessed a revolution that transforms garbage into energy for homes, gas for municipal pipelines, and raw materials that return to production lines.
In 2024 alone, waste-to-energy electricity in Hangzhou reached 2.3 billion kilowatt-hours, meaning one in every 50 kilowatt-hours used in homes came from trash. xhtxs.cn/9UI
Photo 1: An aerial drone photo taken on Jan. 14, 2026 shows an exterior view of Hangzhou Linjiang Environmental Energy Co., Ltd. in Hangzhou, east China’s Zhejiang Province. (Xinhua/Jiang Han)
Photo 2: People work at Hangzhou Linjiang Environmental Energy Co., Ltd. in Hangzhou, east China’s Zhejiang Province, Jan. 14, 2026. (Xinhua/Jiang Han)
Photo 3: A staff member (R) collects recyclable waste at a villager’s home in Puning Village of Hangzhou, east China’s Zhejiang Province, Jan. 14, 2026. (Xinhua/Jiang Han)