China
တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှု တိုးတက်စေရန် နိုင်ငံအားလုံးနှင့် အတူတကွ လုပ်ဆောင်ရန်အသင့်ရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစီမံခန့်ခွဲမှု တိုးမြှင့်ရေးနှင့် နိုင်ငံတကာ လူ့အခွင့်အရေးကဏ္ဍ အခိုင်အမာ တိုးတက်မြင့်မားရေးအတွက် နိုင်ငံအားလုံးနှင့် အတူတကွဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက်အစည်းအဝေး အဆင့်မြင့်အပိုင်းလိုက်ဆွေးနွေးပွဲကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။
နိုင်ငံတကာအခြေအနေမှာ ရှုပ်ထွေးရောယှက်နေသလို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှုနှင့် ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ်မှာလည်း စမ်းသပ်အသစ်များကို ရင်ဆိုင်နေရကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံက အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအဆိုပြုချက်သည် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၀ ကျော်၏ ထောက်ခံမှုနှင့် ပံ့ပိုးမှုများ ရရှိထားပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အချုပ်အခြာအာဏာ သာတူညီမျှမှုကို ထိန်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစီမံခန့်ခွဲမှု၏ ကနဦးရည်မှန်းချက်များကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လည်း ဝမ်က တိုက်တွန်းခဲ့သည်။
နိုင်ငံအားလုံးအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လိုက်နာသင့်ပြီး ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှုအုတ်မြစ်များ အခိုင်အမာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။ အခြားနိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး “ရွှေရောင်စည်းမျဉ်း” ကို နိုင်ငံအားလုံး အတူတကွ ထိန်းသိမ်းကာ လူ့အခွင့်အရေးအမည်ခံ စံနှုန်းနှစ်မျိုးဖန်တီးခြင်း ပြောဆိုပြုမူမှုများကို အခိုင်အမာ ပယ်ချရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကျင့်သုံးပြီး ကမ္ဘာ့လူ့အခွင့်အရေးအား စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ၎င်းက တိုက်တွန်းခဲ့သည်။ နိုင်ငံများအားလုံးအနေဖြင့် ကိုလိုနီဝါဒ သို့မဟုတ် လူမျိုးရေးခွဲခြားဆက်ဆံမှု ပုံစံအားလုံးကို ငြင်းပယ်ကာ ဉာဏ်ရည်တု နည်းပညာ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် လူ့အခွင့်အရေး စသည့် ထွက်ပေါ်လာသောကိစ္စရပ်များအား သင့်တင့်လျောက်ပတ်စွာ တုံ့ပြန်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260223/5994f4de0b2447808abad2165258fafe/c.html

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက်အစည်းအဝေး အဆင့်မြင့်အပိုင်းလိုက်ဆွေးနွေးပွဲအား တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)4
……………………………………..
(English Version)
China ready to work with all countries to improve global human rights governance: Chinese FM
BEIJING, Feb. 23 (Xinhua) — China stands ready to work with all countries to improve global human rights governance and promote the sound development of the international human rights cause, Chinese Foreign Minister Wang Yi said on Monday.
Wang, who is also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in a speech delivered via video link during the high-level segment of the 61st session of the United Nations Human Rights Council.
Wang noted that the international situation is complex and intertwined, and that global human rights governance and the post-World War II international order are facing new tests of the times. The Global Governance Initiative proposed by China has received support and responses from more than 150 countries and international organizations, he added.
Wang called for upholding sovereign equality and safeguarding the original aspirations of global human rights governance.
All parties should abide by the international rule of law and consolidate the foundations of global human rights governance, Wang noted. Together, all countries should uphold the “golden rule” of non-interference in one another’s internal affairs, and firmly reject words and deeds that create double standards in the name of human rights, he said.
He called for practicing multilateralism and addressing the challenges to global human rights governance. All countries should reject all forms of colonialism or racial discrimination, and respond properly to rising issues such as artificial intelligence, as well as climate change and human rights.
https://english.news.cn/20260223/5994f4de0b2447808abad2165258fafe/c.html
Photo 1, 2: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, gives a speech via video link at the high-level segment of the 61st session of the United Nations Human Rights Council, in Beijing, capital of China, on Feb. 23, 2026. (Xinhua/Yin Bogu)
