Connect with us

China

နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်အတွင်း တရုတ်နိုင်ငံ၏ ရထားစီးခရီးသည်ခရီးစဉ် ၁၂၁ သန်းရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်းအနောက်ပိုင်းဘူတာရုံမှ ထွက်ခွာလာသည့် ခရီးသည်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရထားလမ်းများအနေဖြင့် မကြာသေးမီကပင် ပြီးဆုံးခဲ့ပြီဖြစ်သည့် နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်ကာလအတွင်း ခရီးသည်ခရီးစဉ် ၁၂၁ သန်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းမှာ ယမန်နှစ် နှစ်သစ်ကူးနွေဦးပွဲတော်အားလပ်ရက်ကာလနှင့် နှိုင်းယှဉ်ပါက ၁၁.၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း တရားဝင်အချက်အလက်များက ဖေဖော်ဝါရီ ၂၄ ရက်၌ ဖော်ပြခဲ့သည်။
အားလပ်ရက်၏ နောက်ဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီ ၂၃ ရက်တွင် တရုတ်နိုင်ငံ၏ ရထားလမ်းများသည် ခရီးသည်ခရီးစဉ် ၁၈.၇၃ သန်း ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး နွေဦးပွဲတော်ခရီးသွားလာမှုအတွင်း တစ်ရက်တာ ခရီးသည်ခရီးစဉ်များက စံချိန်တင်မြင့်မားခဲ့ကြောင်း China State Railway Group Co., Ltd မှ အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း မြင့်တက်လာသော ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် နေ့စဉ် ပျမ်းမျှ ခရီးသည်တင်ရထား ၁၂,၃၈၀ စင်း ပြေးဆွဲခဲ့ပြီး လူကြိုက်များသော ခရီးလမ်းကြောင်းများနှင့် ခရီးလမ်းပိုင်းများ၌ တစ်ရက်တာတွင် ခရီးသည်တင်ရထား ၂,၃၁၄ စင်းအထိ ယာယီအားဖြင့် တိုးချဲ့ပြေးဆွဲခဲ့သည်။ အဆိုပါရုံးပိတ်ရက်များမတိုင်မီနှင့် အားလပ်ရက်အပြီးတွင် ခရီးသွားအများဆုံးရက်များ၌ အဓိကစင်္ကြံများတွင် ညအချိန် မြန်နှုန်းမြင့်ရထား ၁,၀၀၀ ကျော် နေ့စဉ်ပြေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်အတွင်း အမျိုးသားရထားလမ်းကွန်ရက်က ကုန်စည်တန်ချိန် ၈၅.၃၈ သန်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး နေ့စဉ်ပျမ်းမျှကုန်တင်ရထားဝန်တင်မှုမှာ ရထားတွဲ ၁၅၇,၀၀၀ အထိ ရှိခဲ့ကြောင်း အချက်အလက်များက ဖော်ပြနေသည်။
တရုတ်နှစ်သစ်ကူးဟုလည်း လူသိများသော နွေဦးပွဲတော်သည် ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျရောက်ခဲ့ပြီး တရားဝင်ရုံးပိတ်ရက်မှာ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ကိုးရက်ကြာ ကြာမြင့်ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
China’s railway passenger trips hit 121 mln during Spring Festival holiday
BEIJING, Feb. 24 (Xinhua) — China’s railways handled 121 million passenger trips during the just-concluded Spring Festival holiday, up 11.5 percent compared with last year’s holiday period, official data showed on Tuesday.
On Monday, the last day of the holiday, the country’s railways witnessed 18.73 million passenger trips, setting a record high for single-day passenger trips during the Spring Festival travel rush, according to data from China State Railway Group Co., Ltd.
To meet surging demand, an average of 12,380 passenger trains were operated daily, and up to 2,314 temporary passenger trains were added in a single day on popular routes and sections. On peak travel days before and after the holidays, over 1,000 nighttime high-speed trains ran daily on major corridors.
During the holiday, the national railway network handled 85.38 million tonnes of cargo, with average daily freight loading reaching 157,000 railcars, the data revealed.
The Spring Festival, which is also known as Chinese New Year, fell on Feb. 17 this year, and the official holiday lasted nine days from Feb. 15 to Feb. 23. ■
English Caption
Passengers leave Tianjin West Railway Station in north China’s Tianjin on Feb. 23, 2026. (Xinhua/Zhao Zishuo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.