Connect with us

China

နွေဦးပွဲတော် အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာပြတိုက်များကို လာရောက်လေ့လာမှု အကြိမ်ရေ ၃.၅ သန်းကျော်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ကျားရှင်းမြို့ရှိ သိပ္ပံနှင့် နည်းပညာပြတိုက်တွင် စက်ရုပ်ခွေးလေး၏ တင်ဆက်ပြသမှုကို ကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နွေဦးပွဲတော် အားလပ်ရက်ကာလအတွင်း သိပ္ပံနည်းပညာပြတိုက်များကို လာရောက်လေ့လာမှု အကြိမ်ရေ ၃.၅ သန်းကျော် ရှိပြီး အများပြည်သူများအား ဗဟုသုတ၊ ပျော်ရွှင်မှုနှင့် ယဉ်ကျေးမှု ပေါင်းစပ်ထားသည့်အတွေ့အကြုံများကို ပြသထားသည့် ပွဲတော်အငွေ့အသက်ပါဝင်သည့် သိပ္ပံပညာရပ်ဆိုင်ရာ ပြခန်းများ ပြသလျက်ရှိကြောင်း ပေကျင်းမြို့ရှိ တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာပြတိုက် (CSTM) က ဖေဖော်ဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ သိပ္ပံနည်းပညာပြတိုက်များက ဒေသန္တရအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်သော အစီအစဉ်များ ‌ထည့်သွင်းကာ တရုတ်ရာသီခွင်ယဉ်ကျေးမှု၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို ရောယှက်ထားသည့် သိပ္ပံအခြေပြုအစီအစဉ်အမျိုးမျိုးကို ပြသလျက်ရှိသလို တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာပြတိုက် (CSTM) ကလည်း တရုတ်နှစ်သစ်ကူး မြင်းနှစ်အထိမ်းအမှတ် အစီအစဉ်များ ကျင်းပခဲ့ရာ လာရောက်လေ့လာသူ ၂၀၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် တရုတ်နိုင်ငံ၏ မိမိကိုယ်တိုင်ရပ်တည်မှုအခြေခံများ ခိုင်မာအားကောင်းစေရေးအတွက် ရည်ရွယ်ကာ CSTM အနေဖြင့် နိုင်ငံ၏ သိပ္ပံနည်းပညာပြတိုက်များကို သိပ္ပံပညာရပ်ဆိုင်ရာ စိတ်ဝင်စားမှုများကာ ရေပန်းစားလာသည့် ပုံစံများ ဆက်လက် ဆန်းသစ်တီထွင်ရန်နှင့် ၂၀၂၆ ခုနှစ်အတွင်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………
(English Version)
China’s sci-tech museums draw over 3.5 mln visits during Spring Festival holiday
BEIJING, Feb. 23 (Xinhua) — China’s sci-tech museums received over 3.5 million visits during the nine-day Spring Festival holiday, presenting festive science exhibits that integrated knowledge, fun and cultural experiences to the public, the China Science and Technology Museum (CSTM) in Beijing said on Monday.
CSTM itself welcomed more than 200,000 visitors with themed events celebrating the Year of the Horse, while sci-tech museums nationwide tailored their activities to local conditions, launching a variety of science-themed events that blended Chinese zodiac culture, intangible cultural heritage and cutting-edge technologies.
According to CSTM, it will lead the country’s sci-tech museums to continue innovating forms of science popularization and providing better services in 2026, aiming to strengthen the foundations for the nation’s self-reliance in science and technology.
Photo: Visitors watch a performance made by a robot dog at the science and technology museum in Jiaxing City, east China’s Zhejiang Province, Jan. 31, 2025. (Photo by Jin Peng/Xinhua)