Connect with us

China

နှစ်နိုင်ငံဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိလာစဉ် ၂၀၂၅ ခုနှစ်အတွင်း တရုတ်-ဂျာမနီ ကုန်သွယ်မှု ပိုမိုလျင်မြန်စွာတိုးတက်လာ

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် ၂၀၂၁ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုကုန်စည်ပြပွဲ (CIFTIS) အတွင်း ဂျာမနီပြခန်းသို့ လာရောက်လေ့လာနေသူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်မှစ၍ ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကို အစဉ်တစိုက် မြှင့်တင်ခဲ့ရာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းထက် ပိုမိုလျင်မြန်စွာ တိုးတက်ခဲ့သည်ဟု ဖေဖော်ဝါရီ ၂၅ ရက်၌ ထုတ်ပြန်ခဲ့သည့် တရားဝင် အချက်အလက်များအရ သိရသည်။
တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ကြား ကုန်စည်ကုန်သွယ်မှု ပမာဏမှာ ၂၀၂၅ ခုနှစ်တွင် ယွမ် ၁.၅၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၁၇.၈၃ ဘီလီယံခန့်) ရှိခဲ့ကာ ၂၀၂၄ ခုနှစ်ကထက် ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သဖြင့် အဆိုပါ တိုးတက်မှုနှုန်းမှာ တစ်နှစ်တာလုံးအတွက် တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှု တိုးတက်ခြင်းထက် ၁.၄ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

ဂျာမနီနိုင်ငံသည် လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ ထို့အတူ တရုတ်နိုင်ငံအနေဖြင့်လည်း တစ်နှစ်တာ လက်လွှတ်ခဲ့ရပြီးနောက် ဂျာမနီနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။
အဆိုပါ ကုန်သွယ်ရေးစီးဆင်းမှုများအနက် စက်ယန္တရားနှင့် အီလက်ထရောနစ်ထုတ်ကုန်များ အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံကြား ယင်းကုန်စည်များကို အပြန်အလှန် တင်သွင်း/တင်ပို့ခဲ့သည့် စုစုပေါင်းပမာဏမှာ ၂၀၂၅ ခုနှစ်တွင် ယွမ် ၁.၀၇ ထရီလီယံရှိခဲ့ရာ ယခင်နှစ်ထက် ၅.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဒုတိယနှင့် တတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် အပြန်အလှန်အကျိုးပြုလျက်ရှိသော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြသည်။

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်သည် ဖေဖော်ဝါရီ ၂၆ ရက်အထိ ကြာမြင့်သည့် တရားဝင်ခရီးစဉ် စတင်သည့်အနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်က ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းနှင့်အတူ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတုပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း စသည့် အထင်ကရ ဂျာမနီစီးပွားရေးလုပ်ငန်း ၃၀ ခန့်မှ အမှုဆောင်အရာရှိများ ပါဝင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့ရှိ BMW Brilliance Automotive (BBA) ၏ Tiexi စက်ရုံသစ်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
China-Germany post trade expansion in 2025 amid deepening ties
BEIJING, Feb. 25 (Xinhua) — China and Germany have been expanding trade ties continuously since their establishment of diplomatic relations more than five decades ago, with their bilateral trade growing faster than China’s overall foreign trade in 2025, official data showed on Wednesday.
In 2025, trade of goods between China and Germany totaled 1.51 trillion yuan (about 217.83 billion U.S. dollars), which was up 5.2 percent from the year prior, with a growth rate 1.4 percentage points higher than China’s overall foreign trade expansion for the year, according to the General Administration of Customs.
Germany remained China’s largest trading partner in Europe last year. Meanwhile, China regained its position as Germany’s top trading partner following a one-year lapse.
Machinery and electrical products took the lion’s share of these trade flows. Imports and exports of such goods between the two countries totaled 1.07 trillion yuan in 2025, rising 5.8 percent year on year and accounting for more than 70 percent of bilateral trade.
As the world’s second and third-largest economies, China and Germany are all-round strategic partners that benefit from each other.
German Chancellor Friedrich Merz arrived in Beijing on Wednesday, beginning an official visit to China that will continue through Thursday. He is accompanied by a business delegation comprising executives of approximately 30 major German firms covering industries such as automotive manufacturing, chemicals and pharmaceuticals.
English Caption 1
Visitors tour the Germany exhibition booth during the 2021 China International Fair for Trade in Services (CIFTIS) in Beijing, capital of China, Sept. 5, 2021. (Xinhua/Wang Tiancong)
English Caption 2
Photo taken on Dec. 21, 2021 shows a view of the new Tiexi Plant of BMW Brilliance Automotive (BBA) in Shenyang, northeast China’s Liaoning Province. (Xinhua)