Connect with us

China

တရုတ်ရထားလမ်းများက နွေဦးပွဲတော် ခရီးသွားကာလ ပထမနေ့တွင် ခရီးသည်ခရီးစဉ် ၁၂.၂၄ သန်းကို ကိုင်တွယ်ဆောင်ရွက်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ရထားပြုပြင်ထိန်းသိမ်းရေးဘူတာ၌ မြန်နှုန်းမြင့်ရထားများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ရထားလမ်းများအနေဖြင့် ၂၀၂၆ ခုနှစ် နွေဦးပွဲတော် ခရီးသွားလာမှု ပထမနေ့ဖြစ်သော ဖေဖော်ဝါရီ ၂ ရက်က ခရီးသည်ခရီးစဉ် ၁၂.၂၄ သန်းနီးပါးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်က ဖေဖော်ဝါရီ ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ ရထားလက်မှတ်မှာယူမှုပလက်ဖောင်း 12306 က မတ် ၁၃ ရက်၌ ပြီးဆုံးမည့် ရက် ၄၀ ကြာ “ချွန်းယွင့်” တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ခရီးသွားကာလအတွက် ဖေဖော်ဝါရီ ၃ ရက် နံနက် ၈ နာရီအထိ ရထားလက်မှတ် အစောင်ရေ ၈၄.၄၉ သန်း ရောင်းချခဲ့ပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုခရီးသွားကာလ၏ ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီ ၃ ရက်၌မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရထားစီးခရီးသည်ခရီးစဉ် ၁၁.၁၅ သန်း ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းခရီးစဉ်ဝယ်လိုအားကို ပြည့်မီစေရေးအတွက် ရထား ၈၇၉ စင်း ထပ်တိုးပြေးဆွဲရန် စီစဉ်ထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
တရုတ်နှစ်သစ်ကူးဟုလည်း လူသိများသည့် နွေဦးပွဲတော်သည် ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်၌ ကျရောက်ပြီး တရားဝင်ရုံးပိတ်ရက်အနေဖြင့် ကိုးရက်ကြာမြင့်မည်ဖြစ်သည်။
အဆိုပါနှစ်စဉ် ခရီးသွားကာလအတွင်း ဒေသတွင်း ခရီးသည်ခရီးစဉ် စုစုပေါင်း ၉.၅ ဘီလီယံ စံချိန်တင် ရှိလာမည်ဟု ခန့်မှန်းထားသည်။ ယင်းအနက် စုစုပေါင်း ခရီးသည်ခရီးစဉ် ၅၄၀ သန်းကို တရုတ်နိုင်ငံ ရထားလုပ်ငန်းမှ ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် မြို့တော်နန်ကျင်းရှိ နန်ကျင်းရထားဘူတာရုံ၌ ရထားပေါ်မှ ဆင်းလာသည့် ခရီးသည်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

……………….
(English Version)
Chinese railways handle 12.24 mln trips on 1st day of Spring Festival travel rush
BEIJING, Feb. 3 (Xinhua) — Chinese railways handled nearly 12.24 million passenger trips on Monday, the first day of the Spring Festival travel rush in 2026, China State Railway Group Co., Ltd. said Tuesday.
As of 8 a.m. Tuesday, the nation’s train ticket booking platform 12306 had sold 84.49 million train tickets for chunyun, a 40-day travel rush period that ends on March 13, according to the company.
It is expected that 11.15 million railway passenger trips will be made nationwide on Tuesday, the second day of the travel rush period, the company said, adding that an additional 879 trains have been arranged to meet demand.
The Spring Festival, also known as Chinese New Year, falls on Feb. 17 this year, and the official holiday lasts nine days.
The annual travel rush is expected to generate a record 9.5 billion inter-regional passenger trips. Of the total, an estimated 540 million passenger trips will be handled by the country’s railways. ■
English Caption 1
An aerial drone photo taken on Feb. 2, 2026 shows high-speed trains at a maintenance depot in Tianjin, north China. (Photo by Yang Baosen/Xinhua)
English Caption 2
Passengers get off a train at the Nanjing Railway Station in Nanjing, east China’s Jiangsu Province, Feb. 2, 2026. (Photo by Yang Suping/Xinhua)